အပိုင်း-၂၂

5.1K 237 67
                                    

[Unicode]

နေရထိုင်ရတာ မွန်းကြပ်နေသည့် အခြေအနေတစ်ခုထဲသို့ ရောက်နေသလို ခံစားချက်ကြောင့် အသက်ရှုရပင် မွန်းကြပ်လာရသဖြင့် ဝဏ္ဏပြည့်စုံ အနည်းငယ်ရုန်းထွက်လိုက်သည်။

"အဆင်ပြေရဲ့လား ဘေဘီ"

ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်း ကြင်နာနူးညံ့မှုများ စွက်နေသည့် ကြည်လင်သော အသံလှိုင်းတစ်ခုက ဝေဝါးစွာဝင်ရောက်လာသည်မို့ မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်မိသည်။

"ဘယ်လိုနေသေးလဲဟင်။ နာနေသေးလားဟင် ဘေဘီ"

​အမြင်အာရုံထဲ ဝင်ရောက်လာသည့် ဇာနည်လင်းထွဋ်၏ပုံရိပ်နှင့် လေသံဖျော့ဖျော့လေး။ အလုံးစုံ နစ်မြုပ်နေရသော ခန္ဓာကိုယ်ကို ရင်ခွင်ထဲမှ ရုန်းထွက်လိုက်တော့ နာကျင်မှုတစ်ခုက အောက်ပိုင်းနေရာအား တိုက်ခိုက်လေတော့သည်။ နာကျင်မှုဒဏ်ကြောင့် ပြန်လည်အမှတ်ရမိသွားရသော အိပ်မပျော်ခင်က အဖြစ်အပျက်ကြောင့် ဇာနည်လင်းထွဋ်အား မော့ကြည့်လိုက်မိသည်။

"သက်သာရဲ့လား ဘေဘီ"

စိုးရိမ်နေဟန်ရသော မျက်ဝန်းများကြောင့်အနည်းငယ်တော့ ရင်ထဲ နွေးထွေးသွားရပေမယ့် ခုနကအဖြစ်အပျက်များ ခေါင်းထဲပြန်ဝင်လာတော့ စိတ်တိုစွာဖြင့် မျက်စိရှေ့က ဇာနည်လင်းထွဋ်၏ ရင်ဘတ်အား ကိုက်ချပစ်လိုက်တော့တယ်။

"အား...ဘေဘီ ဘာလို့ကိုက်တာလဲ နာ..အား"

ဘေဘီလို့ ခေါ်တိုင်း ပိုမိုအားထည့်၍ ကိုက်ခဲထားလိုက်သည်မို့ ခဏတော့ အော်ဟစ်နေပေမယ့် နောက်တော့ ငြိမ်ကျသွားပြီး သည်းခံနေတော့သည်။ သူလက်မောင်းကို ကိုင်ထားသည့် ဇာနည်လင်းထွဋ်၏ လက်ချောင်းတွေက တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ကိုက်ခဲမှုဒဏ်ကို အံကြိတ်သည်းခံနေဆဲ။ စိတ်လိုလက်ရ ကိုက်ချအပြီးမှာတော့ ကျေနပ်သွားသဖြင့်လွှတ်ပေးလိုက်တော့ ရင်ဘတ်မှာ သူ့သွားရာအကွင်းလိုက်က ထင်းနေပြီး သွေးများပင်အနည်းငယ် စို့နေ၏။ ထိုမှသာ မော့ကြည့်လိုက်တော့ နာကျင်လွန်း၍ မျက်နှာကို ရှုံ့တွထားသည့် ဇာနည်လင်းထွဋ်က မျက်လုံးကိုအသာဖွင့်ကြည့်လာပြီး

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now