အပိုင်း-၅

5.2K 302 56
                                    

[Unicode]

ရုံးပိတ်ရက်၊ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ ဖြစ်သဖြင့် ကလေးများအား စာမေးပွဲစစ်ရန်အတွက် ပြင်ဆင်နေစဥ်အတွင်း ခေါင်းလောင်းသံ ကြားလိုက်ရ၏။ ရန်ကုန်မြို့၏ တိုက်ခန်းများတွင်တော့ ဝရံတာတွင် ကြိုးအရှည်ဖြင့် တန်းလန်းချထားသည့် ခြင်းတောင်းငယ်လေးများ ရှိကြသည်။ ထိုမှသာ လမ်းမှဖြတ်သွားသည့် စျေးသည်များထံမှ တစ်စုံတစ်ခုဝယ်စရာရှိပါက တိုက်အောက်သို့ ခဏခဏဆင်းရန်မလိုအပ်တော့ပဲ ဝရံတာဆီကနေ အပေးအယူပြုလုပ်နိုင်သည်။

မနက်က ပဲပြုတ်နှင့်ထမင်း စားရန်အတွက် စျေးသည်ထံမှ ပဲပြုတ်ဝယ်ယူပြီးနောက်ပိုင်း ကြိုးနှင့်ဆွဲခြင်းကို ပြန်မသိမ်းမိခဲ့။ ယခုအခါ တိုက်အောက်မှ ကြိုးကိုတစ်စုံတစ်ယောက်က လာလှုပ်ခါယမ်းနေတော့သည်။ ထိုလူမှာကား ဇာနည်လင်းထွဋ်မှလွဲ၍ မည်သူမှမဖြစ်နိုင်။ ခဏတဖြုတ် လျစ်လျူရှုထား၍ ရသော်လဲ ခေါင်းလောင်းကြိုးအား အကြိမ်ကြိမ် မရပ်မနားလှုပ်ခတ်နေသောအခါ စိတ်ရှုပ်လာရချေပြီ။

ဝရံတာဘက်ထွက်ကြည့်တော့ အမှန်ပင်ဇာနည်လင်းထွဋ်မှာ တိုက်အောက်တွင် ရှိနေပြီး ကြိုးကို အဆက်မပြတ် လှုပ်ခါယမ်းနေဆဲ။ မျက်မှောင်ကြုံ့ကာ တစ်ချက်ငုံ့ကြည့်လိုက်တော့ ဟီးခနဲရယ်ပြပြီး လက်ထဲရှိဘူးတစ်ခုကို မြှောက်ပြလာလေသည်။ ထို့နောက်တွင်တော့ ထိုဘူးအား ဆွဲခြင်းတောင်းထဲ ထည့်ပေးလာလေ၏။ စိတ်မရှည်စွာဖြင့် ကြိုးအားတိုက်ပေါ်သို့ပြန်ဆွဲတင်လိုက်သောအခါ ခြင်းတောင်းထဲတွင် ပါလာသည်က ပလတ်စတစ်ဘူးအကြည်တစ်ခု။
ထိုဘူးအား ဖွင့်ကြည့်လိုက်တော့ တစ်ကန့်တွင် ပုဇွန်ကိုအချိုကြော်ထားပြီး နောက်တစ်ကန့်တွင်တော့ အာလူးနှင့်ကြက်သားဆီပြန်ဟင်း။ တဆက်တည်းမှာတင် ခုံပေါ်က ဖုန်းကအသံမြည်လာသည်မို့ ဖုန်းအား ကောက်ကိုင်လိုက်သည်။

"ဟဲလို...ဦးဏ"

"ဒါတွေက ဘာလဲ"

"ဦးဏအတွက် ဟင်းချက်လာပေးတာ"

"ငါ့ဘာသာ ဝယ်စားလို့ရတယ်"

"အမြဲတမ်းကြီး အပြင်စာ စားနေတာမကောင်းဘူး ဦးဏရဲ့။ အပြင်အစားအသောက်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး။ အိမ်ထမင်း၊အိမ်ဟင်းလဲ စားပေးသင့်တာ။ ဦးဏ ကျန်းမာရေးအတွက်စိတ်ပူလို့ ကျွန်တော်ကိုယ်တိုင် သေချာချက်လာပေးတာ"

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Dove le storie prendono vita. Scoprilo ora