အပိုင်း-၉

2.1K 142 46
                                    

[Unicode]

"ဦးဏ ငါးဖယ်သုပ် စားလို့ကောင်းလားဟင်"

ထမင်းစားနေသည်ကြောင့် စကားမပြောလိုပဲ ကိုယ့်ထမင်းကိုယ်သာ ဆက်စားနေသည့်အခါ ထမင်းပန်းကန်ထဲသို့ ငါးဖယ်သုပ်များခပ်ထည့်ပေးလာ၏။

"ကိုယ့်ဘာသာ စားစမ်းပါ"

"ကျွန်တော်က ဦးဏစားတာ ကြည့်နေရရင်ဗိုက်ဝပြီ"

"ဒါဆိုလဲ စားမနေနဲ့တော့"

"နှလုံးသားက အချစ်စွမ်းအားတွေကြောင့် အားအင်ပြည့်ဝနေပေမယ့် ခန္ဓာကိုယ်ကိုလဲအားအင်ဖြည့်ဖို့ လိုအပ်သေးလို့ပါ။ အဲ့ဒါမှ ဦးဏကို အချိန်အကြာကြီး ဆက်ချစ်နိုင်မှာလေ"

"........."

"ဦးဏက ရုံးပတီသီး ကြိုက်တယ်ထင်တယ်နော်။ အဲ့ဒီဟင်းကို ယူစားတာအများကြီးပဲ"

".........."

"ကောင်းတာပေါ့။ ရုံးပတီသီးများများစားပေးတာ ကောင်းတယ်။ ဦးဏ အားကောင်းတာပေါ့"

ရုံးပတီသီးနဲ့ကြက်ဥကြော်ထားသည့် ဟင်းများကို ပန်းကန်ထဲ ခပ်ထည့်ပေးရင်း ပြီတီတီမျက်နှာထားဖြင့် ပြောလာလေသည်။ ယောကျ်ားလေးအများစု သိထားသည့် ဟာသအား ထည့်သုံးကာ ပြောပြီး မျက်စိတစ်ဖက်ပါ မှိတ်ပြလာသည်မို့ စားသောက်နေရင်း ထမင်းသီးရချေပြီ။

"အဟွတ်...အဟွတ်...မင်းဘာပြောတာလဲ"

"ရုံးပတီသီးက အကြောတို့အရိုးအဆစ်တို့အတွက် အားကောင်းတယ်လို့ ကျွန်တော်က ပြောတာပါ ဦးဏရဲ့။ ဦးဏက ဘာတွေအတွေးပေါက်သွားတာလဲ"

ရယ်ရယ်ပြုံးပြုံးဖြင့် သူ့အားစိုက်ကြည့်ကာပြောဆိုနေမှုကြောင့် ဝဏ္ဏပြည့်စုံ၏ မျက်နှာတစ်ပြင်လုံး နီရဲလာရပြီး ချွေးများပင်ပြန်ချင်လာ၏။

ဇာနည်လင်းထွဋ်ပြောသည့် အဓိပ္ပါယ်ကို သူမသိဘူးဆိုတော့ လာလိမ်ချင်နေသေးတယ်။ သူ့ထက်အရင် ဆယ်နှစ်လောက်စောပြီးမွေးလာခဲ့တဲ့လူကိုများ မျက်နှာပြောင်တိုက်ပြီး မလှိမ့်တပတ် လုပ်ချင်သေးတာ။

သို့ပေသိ ဇာနည်လင်းထွဋ်နှင့် စကားပြိုင်၍ မပြောချင်တော့သောကြောင့် မကျေနပ်ချက်ကို ရင်ထဲတွင်သာ မျိုချသိမ်းဆည်းထားလိုက်ပြီး ထမင်းကိုသာ ဆက်တိုက်အာရုံစိုက် စားပစ်လိုက်သည်။ ထိုမှသာ ဇာနည်လင်းထွဋ်သည်လဲ ရယ်ကာမောကာဖြင့် ထမင်းဆက်စားလေတော့သည်။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now