အပိုင်း-၁၁

2.2K 149 32
                                    

[Unicode]

ရေချိုးလိုက်တော့ လန်းဆန်းသွားပြီး အနည်းငယ်တော့ နေလို့ထိုင်လို့ ကောင်းသွားသလိုပင်။ သို့သော်လဲ ခေါင်းကတော့ မသက်သာသေးဘဲ ကိုက်ခဲနေဆဲ။ ရုံးပိတ်ရက်ဖြစ်ပြီး လုပ်စရာအလုပ် ထွေထွေထူးထူး မရှိသည်ကြောင့် ဆိုဖာခုံမှာ ငူငူငိုင်ငိုင်ထိုင်နေရင်း ခဏအကြာမှာတော့ တိုက်ခန်းတံခါးဖွင့်သံ ကြားလိုက်ရ၏။

"ဦးဏ သက်သာရဲ့လားဟင်။ ဘယ်လိုနေသေးလဲ"

".........."

ပြန်ဖြေချင်သော်ငြားလဲ လည်ချောင်းတွေနာနေသည်မို့ ပြန်မဖြေဖြစ်တော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

"ခေါင်းကိုက်နေအုံးမှာပေါ့။ ကျွန်တော်သံပုရာသီးဝယ်လာတယ်။ ဦးဏဆီမှာ ပျားရည်တွေ့လို့ ပျားသံပုရာလေးဖျော်ပေးမယ်။ သက်သာသွားအောင် သောက်လိုက်နော်"

အသိစိတ်ရှိနေသော်လည်း လူကပင်ပန်းနေပြီး ငြီးစီစီဖြစ်နေသဖြင့် ဇာနည်လင်းထွဋ်အား ဆူပူပြောဆိုချင်စိတ်တောင် ရှိမနေတော့။ လုပ်ချင်ရာလုပ်ဟူသည့်သဘောဖြင့်  လွှတ်ထားပေးလိုက်ပြီး ခန္ဓာကိုယ်ကိုတော့ ဆိုဖာပေါ်မှာ လှဲချကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ယခုထိတောင် လောကကြီးက ချာလပတ်လည်နေသလို ခံစားနေရသေးသည်။ တစ်ခါတစ်လေလဲ ရင်ထဲက ပျို့တက်ချင်လာသလိုပင်။

တော်ပြီ။
နောက်တစ်ခါ ဘယ်တော့မှ အရက်မသောက်တော့ဘူး။

အိမ်နောက်ဖေးဘက်မှ အသံချိုးချိုးချွတ်ချွတ် ကြားနေရသော်လည်း ဝဏ္ဏပြည့်စုံဂရုမစိုက်ချင်တော့ပါ။ တဆစ်ဆစ် ကိုက်ခဲနေသောခေါင်းနှင့် ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို အားတို့ ဖျော့ထားရင်း ဆိုဖာပေါ်မှာသာ ​မှိန်းနေမိပါတော့သည်။

"ဦးဏ.... ဦးဏ"

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဇာနည်လင်းထွဋ်ဟာ သူ့ဆိုဖာခုံဘေးနား ကြမ်းပြင်တွင် ထိုင်ချ၍ သူ့အားလှုပ်နှိုးနေပြီး ဖန်ခွက်တစ်ခုကိုလဲ ကိုင်ဆောင်ထားသေးသည်။

"ထအုံးနော် ဦးဏ။ ဒါလေး သောက်လိုက် ခေါင်းကြည်သွားအောင်"

လက်တစ်ဖက်ကို ဆွဲမကာ ခန္ဓာကိုယ်အား ထူပြီးနောက် လက်ထဲသို့ အအေးခွက်ကို ထည့်ပေးလာသည်။ စကားသိပ်မပြောချင်တာမို့ လက်ထဲက အအေးခွက်အား ကုန်စင်အောင်မော့သောက်လိုက်ပြီးနောက် ပြန်လည်၍ လှဲအိပ်လိုက်ရာ ခဏအကြာတွင် နားထင်ကို လာနှိပ်ပေးနေသည့် လက်အစုံ။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Donde viven las historias. Descúbrelo ahora