အပိုင်း-၁၆

2.4K 147 64
                                    

[Unicode]

"ဘေးနားက ကပ်မလိုက်နဲ့လို့ ငါပြောထားတယ်မလား"

"အဲ့ဒါအရင်ကလေ ဦးဏကလဲ။ အခုက တူမှမတူတော့တာ"

ဘေးချင်းကပ် ယှဥ်၍လျှောက်နေပြီး ဂျစ်တစ်တစ်လေသံဖြင့် အထွန့်တက်နေသောဇာနည်လင်းထွဋ်အား စောင်းငဲ့ကြည့်ရင်း မျက်မှောင်ကြုံ့မိပြန်သည်။

"လူတွေကြည့်မှာ ငါမကြိုက်ဘူး။ လမ်းကိုခပ်ခွာခွာ လျှောက်"

"ဦးဏ....."

ဆက်ပြောမည့်စကားတွေကို သတိပေးအကြည့်တစ်ချက်ပေးလိုက်သဖြင့် ဇာနည်လင်းထွဋ်မှာတော့ အန္တရာယ်အငွေ့အသက်ရသွားသည့်ပမာ အမြီးလေးကုပ်၍ ငြိမ်ကျသွားပြီး အနောက်တွင် ရပ်ကျန်နေခဲ့ပါ၏။

"ဦးဏက ရက်စက်တယ်"

မကျေမနပ်လေသံဖြင့် ပြောလိုက်သော ထိုစကားလေးတစ်ခွန်းကိုတော့ ကြားဖြစ်အောင် ကြားလိုက်ရပါသေးသည်။ နှာခေါင်းတစ်ချက်ရှုံ့မိရင်း လျစ်လျူရှု၍ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်မိပါ၏။

တိုက်ခန်းလှေကားသော့ကို ပိတ်ပြီးပြီးချင်း လက်ကောက်ဝတ်ကို ဖြတ်ခနဲ ဆွဲကိုင်ခံလိုက်ရတာကြောင့် အလိုလိုတုန့်ပြန်နေကျ ခန္ဓာကိုယ်က အလိုအလျှောက်ရုန်းထွက်လိုက်သည်။ သို့သော်လဲ ဇာနည်လင်းထွဋ်မှာ မလွှတ်ပေးတာကြောင့်

"ဘာလုပ်တာလဲ...မင်း"

"အခု ဘယ်သူမှ ကြည့်မယ့်သူ မရှိတော့ဘူး ဦးဏ"

"ဒါပေမယ့် လှေကားမှာပဲ ရှိသေး...."

လက်ကောက်ဝတ်ကို ကိုင်ဆွဲလျှက်သားပင် အပေါ်ထပ်သို့ ဦးဆောင်တက်သွားသောကြောင့် သူပါ အတူလိုက်ပါသွားရတော့သည်။ ရှေ့ကသွားနေသည့် ဇာနည်လင်းထွဋ်၏ ကျောပြင်ကို ကြည့်မိတော့ လိုချင်တာမရ၍ စိတ်ကောက်နေသည့် ကလေးတစ်ယောက်နှယ် ဂျစ်ကန်ကန်အမူအရာလေးဖြင့် သူ့လက်ကို ကိုင်ဆွဲ၍ လှေကားထစ်များကို အမြန်ကျော်ဖြတ်သွားနေသည်မှာ ကလေးသဖွယ်။ ဇာနည်လင်းထွဋ်၏ ကလေးဆန်မှုများအား တွေ့ရတော့ သူ့စိတ်ထဲက ကြိတ်၍ ပြုံးရယ်မိသေးသည်။

"သော့ပေး"

တိုက်ခန်းတံခါးနားရောက်တော့ အခန်းသော့ကို တောင်းလာသဖြင့် ပေးလိုက်တော့ သော့ဖွင့်ပြီး အခန်းတံခါးကို ဖွင့်ပေးလာ၏။ စိတ်ကောက်နေသော ဇာနည်လင်းထွဋ်ကြောင့် ဘာမှမပြောဖြစ်တော့ဘဲ အိမ်ထဲသို့ ဝင်လာတော့ အနောက်က တံခါးပိတ်သံ ကြားလိုက်ရသည်။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now