အပိုင်း-၁၉

2.4K 146 43
                                    

[Unicode]

"ထမင်းစားတော့မလား ဦးဏ"

ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာ ထမင်းစားပွဲမှာ စားစရာတွေ ပြင်ဆင်ရင်း အဆင်သင့် စောင့်ဆိုင်းနေသည့် ဇာနည်လင်းထွဋ်။

"အင်း"

"လာ...ထိုင် ကျွန်တော်အကုန်ပြင်ပြီးပြီ"

ထမင်းစားသောက်နေသည်ကို ရှေ့တည့်တည့်မှ ပြုံးပြုံးကြီး ထိုင်ကြည့်နေသည့်အခါ ထမင်းတောင် မျိုမကျတော့ပေ။ နှစ်ယောက်ကြား ဆက်ဆံရေးက ဘယ်လောက်ပဲ အတိအလင်းဖြစ်ပါစေအုံး သူ့အတွက်တော့ ဇာနည်လင်းထွဋ်၏ အကဲပိုနေမှု​များနှင့် နေသားမကျသေး။

"မင်း...အဟမ်း မင်းရော မစားဘူးလား"

"ဟုတ်ကဲ့ စားမှာ"

"ဒါဆို စားလေ၊ ဘာလုပ်နေတာလဲ"

"ဦးဏ စားနေတာကို ကြည့်ရင်း စားဖို့မေ့နေလို့"

ဇာနည်လင်းထွဋ်၏ ထိုသို့စကားများအောက်တွင် ဝဏ္ဏပြည့်စုံ၏ မျက်နှာဟာအမြဲတမ်း ပူနွေးရစမြဲပင်။ အရှက်ပြေ ချောင်းဟမ့်လိုက်ပြီးနောက် ရေတစ်ခွက် ယူသောက်လိုက်မိသည်။

"အရေးမပါတာတွေ ပြောမနေဘဲ ထမင်းမြန်မြန်စားတော့"

"ဟုတ်ကဲ့ပါခင်ဗျ"

နာခံဟန်ဖြင့် ထမင်းကို သေချာစားသောက်နေသည်ကြောင့် သက်ပြင်းလေး မသိမသာချရသေး၏။ သည့်အပြင် ခုနကအသုံးအနှုန်းအား ထပ်မံ မသုံးစွဲတော့၍သာ တော်သေးတော့သည်။ မဟုတ်ရင်တော့ သူရှက်လွန်းလို့ ထမင်းစားနိုင်တော့မည်မဟုတ်။ ဇာနည်လင်းထွဋ်၏အသံနှင့် ထိုအသုံးအနှုန်းအား ပြန်လည်ကြားယောင်မိတော့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေမြန်ဆန်စွာ လည်ပတ်သွားရ၏။ မဟုတ်တရုတ်များ တွေးနေမိသည့် ခေါင်းကို အလျှင်အမြန်ခါယမ်းလိုက်ပြီးနောက် ထမင်းကိုသာအာရုံစိုက်၍ ဆက်စားမိပါတော့သည်။

~~~~~~~~~~~~~~~

ပန်းကန်များကို ဆေးကြောနေသည့် ဇာနည်လင်းထွဋ်၏ ကျောပြင်ကို ကြည့်ရင်း နှလုံးခုန်နှုန်းက မြန်ဆန်လာ၏။

သူဘယ်လိုတွေ ဖြစ်နေရတာပါလိမ့်။
ဇာနည်လင်းထွဋ်ကျောပြင်ကို ကြည့်ရင်းနဲ့ကို ရင်ခုန်လာရသည်တဲ့လား။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now