အပိုင်း-၂၀

2.3K 122 65
                                    

[Unicode]

"အန်တီ ကျွန်တော့်ကို ကြက်သဲမြစ်ဟင်းရယ်၊ ဆိတ်သားမွကြော်လေးရယ် ထည့်ပေးပါ"

"အေး အေး သားလေး"

ထမင်းဆိုင်အန်တီကြီးက သူ့ကိုတစ်ချက်မော့ကြည့်ပြီးနောက် ဟင်းများကို ခပ်ထည့်ကာအိတ်ဖြင့် ထုတ်ပေးနေလေ၏။

"ဒါနဲ့ သားနဲ့အတူလာနေကျ ကောင်လေးရော မပါလာဘူးလား"

ဇာနည်လင်းထွဋ်ကို ရည်ညွှန်းခြင်းဖြစ်သောကြောင့် ထမင်းဆိုင်ပိုင်ရှင်အန်တီအား ပြုံးပြကာ ပြန်ဖြေလိုက်သည်။

"ဟုတ် မပါလာဘူး အန်တီ"

"အေးကွယ်။ သားကိုသတိပေးမလို့ပဲ။ အခုတလော ရပ်ကွက်ထဲမှာ ဆေးသမားတွေသောင်းကျန်းနေတာ။ သားပုံစံလေးက လူကောင်းသူကောင်း လူရည်မွန်ပုံစံလေးကို အဲ့ဒီကောင်လေးနဲ့ ဘာလို့ အတူတွဲသွားတွဲလာ လုပ်နေရသလဲဆိုပြီး တွေးမိနေတာ။ သားလေးလဲ အပေါင်းအသင်းပေါင်းတာသတိထားနော်။ အပေါင်းအသင်းမှားရင်ပျက်စီးလွယ်တယ်။ အန်တီက သားကို ကိုယ့်သားလေးလို သဘောထားလို့ သတိပေးတာပါကွယ်"

အန်တီကြီး၏ စကားတွေက ဘာကိုဆိုလိုသည်မှန်း နားလည်သဘောပေါက်လိုက်သည်မို့ စိတ်ထဲတော့ အနည်းငယ်ဒေါသထွက်သွားရ၏။ သို့သော်လည်း ဇာနည်လင်းထွဋ်၏ ပုံစံအား ပြေးမြင်မိတော့အမှန်ပင် ထိုပုံစံအတိုင်းဖြစ်နေသည်ကြောင့်သူဘာမှမပြောနိုင်တော့။ သူတောင်ဇာနည်လင်းထွဋ်အား ပထမဆုံးအကြိမ်တွေ့စဥ်မှာ ထိုအတိုင်း ထင်မြင်မိသေးတာပဲ မဟုတ်လား။

ဒါပေမယ့် ဇာနည်လင်းထွဋ်က အဲ့ဒီလိုလူမျိုးမှ မဟုတ်တာ။

အနည်းငယ် မကျေနပ်မိသော်လဲ အန်တီကြီးအား ဘာမှမပြောဖြစ်တော့ဘဲ ကမ်းပေးလာ သည့်ဟင်းထုပ်ကို ယူ၍ ပိုက်ဆံရှင်းလိုက်သည်။ ဆိုင်ထဲက ပြန်ထွက်လာပြီးတော့ ဝဏ္ဏပြည့်စုံ၏ စိတ်ထဲဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

နောက်ဘယ်တော့မှ ဒီဆိုင်က ဟင်းဝယ်မစားတော့ဘူး။

~~~~~~~~~~~~~~~

တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ ကြိုရောက်နှင့်နေသော ဇာနည်လင်းထွဋ်ကအပြေးအလွှားလာကြို၏။ ဒေါသထွက်နေသည်ကြောင့် မျက်နှာထားကိုပါ တင်းထားမိတော့ သူ့ရှေ့နားရောက်လာသော ဇာနည်လင်းထွဋ်က အနည်းငယ်တော့ ကိုယ်ရှိန်တန့်သွားသည်။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Место, где живут истории. Откройте их для себя