အပိုင်း-၄

2.6K 174 47
                                    

[Unicode]

အဲ့ဒီနေ့ နောက်ပိုင်းကစပြီး အိမ်ပြန်ချိန်တိုင်းမှာ သူ့ဘေးနားမှာ ကပ်ပါးကောင်လို အမြဲရှိနေတတ်သည့် ဂျစ်ကန်ကန်လူငယ်။ အခုတွင်လဲ ဘေးနားမှာ ပီကေကို အဆက်မပြတ်ဝါးနေ၍ စကားတွေ ရေပက်မဝင်အောင် ပြောနေလေ၏။ ထိုစိတ်ရှုပ်စရာလူငယ်အား သူ့အနေဖြင့် လျစ်လျူရှုထားနိုင်သော် လျစ်လျူရှုမထားနိုင်သည်မှာက ပတ်ဝန်းကျင်၏ စူးစမ်းနေဟန် မျက်လုံးတွေ။

"ဘာဖြစ်လို့လဲဟင်..ဦးဏ"

သူ့ ခြေလှမ်းများရပ်တန့်သွားသဖြင့် ဂရုတစိုက် မေးမြန်းလာသူ။

"ဘေးနားကပ်မလိုက်နဲ့"

"ဦးဏကလဲ...."

"ဘာမှထပ်မကြားချင်ဘူး။ ငါ့ဘေးနားက ကပ်မလိုက်နဲ့"

စကားလုံးများကို မာကျောပြတ်သားစွာပြောလိုက်သောအခါတွင်တော့ နာခံစွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ခွာသွားတော့သည်။

"ဦးဏ သဘောအတိုင်းပါဗျာ"

ခြေတစ်လှမ်းစာအကွာအဝေးသည် အလွန်နီးကပ်နေသေးသဖြင့် အနောက်သို့ စောင်းငဲ့၍ စူးစိုက်ကြည့်လိုက်သည့်အခါ ဇာနည်လင်းထွဋ်မှာတော့ သဘောပေါက်သည့်အလား ပြုံးပြီး နောက်သို့ ခြေတစ်လှမ်းထပ်ဆုတ်လိုက်သည်။

"ဒီလောက်ဆိုရပြီလားဟင် ဦးဏ"

ဘာမှပြန်မပြောဖြစ်တော့ဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားတော့ နောက်ကျောဘက်ဆီမှ တိုးတိုးဖွဖွရယ်သံသဲ့သဲ့နှင့်အတူ ထပ်ကြပ်မကွာလိုက်လာသည့် ခြေသံကိုကြားနေရဆဲ။

"အနားကပ်ပြီး စကားပြောခွင့်တောင် မပေးတော့ဘူး။ ဦးဏက အရမ်းရက်စက်တာ"

သနားကမားလေသံလေးဖြင့် မကြားတကြားပြောနေသည်မှာ မသိလျှင် ​သူ့အားနှိပ်စက်နေသည့်အလားပင်။

မျက်နှာထားတည်တည်ဖြင့်သာ လမ်းဆက်လျှောက်လာသည်မှာ တိုက်ခန်းအောက်ပင်ရောက်နေလေပြီ။ အိတ်ကပ်ထဲက လှေကားသော့တံခါးကို ဖွင့်နေတုန်း အနားသို့ရောက်လာပြန်သည့် ဇာနည်လင်းထွဋ်။ သတိပေးထားသည်မှာ ၁၀မိနစ်ပင်မပြည့်သေး ထပ်မံ၍ အနားတိုးကပ်လာသူဘက် လှည့်ပြီး မျက်မှောင်ကြုံ့ကြည့်လိုက်တော့ စပ်ဖြီးဖြီးမျက်နှာပေးမျိုးနှင့် လက်နှစ်ဖက်ကိုကာပြပြီး နောက်သို့ပြန်ဆုတ်သွားလေသည်။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now