အပိုင်း-၁

13.5K 379 76
                                    

[Unicode]

သာမန်နေ့လေးတစ်နေ့ပါပဲ။
ဟိုဟိုဒီဒီလှုပ်ရှားနေတဲ့လူတွေ၊ အရှေ့နဲ့အနောက်၊ တောင်မြောက် ဦးဒဟိုသွားလာနေကြတဲ့လူတွေ၊ တနေဝင်ပြီးတနေထွက် မိုးချုပ်သွားလိုက် မိုးပြန်လင်းလိုက်နဲ့ သံသရာလည်နေတဲ့ ဒီသံသရာစက်ဝန်းကြီးထဲ သာမာန်ဆန်တဲ့ ဘဝလေးထဲမှာ ပုံမှန်လိုပဲနေသားကျရင်း လည်ပတ်နေကြတဲ့လူသားတွေပေါ့။

နေမင်းကြီး၏အလင်းရောင်ခြည်မရှိတော့သဖြင့် ဟိုဟိုဒီဒီလင်းထိန်အောင်တပ်ဆင်ထားတဲ့ လျှပ်စစ်မီးအလင်းရောင်များကိုငေးမောကြည့်လိုက်မိတယ်။ ဆူညံပွက်လောရိုက်နေပေမယ့် စားစရာအစုံအလင်ရှိတတ်သည့် ကားမှတ်တိုင်နားက လမ်းဘေးညစျေးတန်းလေးကိုကြည့်ရင်း ညနေစာဘာစားရင်ကောင်းမလဲတွေးတောနေမိတော့တယ်။ လက်ပ်တော့ထည့်ထားသည့် အိတ်ကိုကိုင်ထားရင်း ရှုပ်ထွေးနေသည့် လူအုပ်ကြားထဲတိုးဝှေ့ပြီး မာကျူရီမီးရောင်အောက်က ပျံကျစျေးသည်တွေဆီမှ ညနေစာအတွက် ဝယ်ယူပြီးနောက် အိမ်ပြန်လမ်းလေးဆီသို့။

ညနေ ၆နာရီလောက်သာ ရှိသေးပေမယ့် နေ့တာတိုပြီးညတာရှည်တဲ့ ဆောင်းတွင်းရာသီမို့ နေစောစောဝင်ကာ အလင်းရောင်သိပ်မရှိတော့ဘဲ မိုးချုပ်တာ မြန်လေ၏။ ချမ်းစိမ့်စိမ့်ဖြစ်လာသောရာသီဥတုကြောင့် ခပ်သုတ်သုတ်လျှောက်ရင်း ရပ်ကွက်လမ်းထဲသို့လျှောက်လှမ်းမိတော့တယ်။

တိုက်ခန်းတည်ရှိရာ လမ်းချိုးလေးထဲသို့ကွေ့ဝင်လိုက်စဥ် အိမ်ရှေ့လမ်းမီးတိုင်အောက်မှာ မတ်တပ်ရပ်နေသူတစ်ယောက်ကို ခပ်ဝေးဝေးမှပင် တွေ့မြင်လိုက်ရ၏။ အနည်းငယ်တော့ မှောင်ရီဝိုးတဝါးဖြစ်နေပေမယ့် မီးတိုင်ကို မှီရပ်နေသူမှ လက်ထဲက ဆေးလိပ်ကို အလျှင်အမြန်ပစ်ချကာ ခြေထောက်နှင့်ဖိချေလိုက်သည်ကိုတော့ မြင်ဖြစ်အောင်မြင်​တွေ့လိုက်ပါသေးသည်။ ထိုလူကလဲ လမ်းထဲဝင်လာသည့် သူ့အား မြင်သွားသည်နှင့်တပြိုင်နက် ဝမ်းသာအားရဖြင့် ညာဘက်လက်ဖဝါးအား ဝှေ့ယမ်းပြလာလေသည်။

သာမန်လိုနေထိုင်ရင်း ပုံမှန်လည်ပတ်နေတဲ့ သမာရိုးကျဘဝထဲမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ရပ်ပေါ့။

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now