အပိုင်း-၁၅

2.5K 156 65
                                    

[Unicode]

ရေချိုးခန်းထဲ ရောက်သည်အထိ လူနဲ့စိတ်နဲ့ မကပ်နိုင်သေးပဲ ကြောင်တောင်တောင်ဖြစ်နေဆဲ။ ဘေစင်အပေါ်မှာ ချိတ်ထားသည့် မှန်ကိုကြည့်လိုက်တော့ မျက်နှာပြင်တစ်ခုလုံးက နီရဲနေသည့်အပြင် ပူလောင်နေသေးသည်။ ယခုအချိန်ထိ ဇာနည်လင်းထွဋ် နမ်းရှိုက်သွားခဲ့သည့် ပါးပြင်ဟာ အနွေးဓာတ်တစ်ခုရနေသယောင် ထင်နေမိသည်။ ထို့နောက် ပုခုံးတစ်ဖက်ကို ကိုင်ကြည့်မိတော့လဲ အပူငွေ့တွေတရှိန်ရှိန်ထွက်နေသလိုပင်။ ခါးနားတဝိုက်ကလဲ ဇာနည်လင်းထွဋ်၏ လက်တွေကျန်ရှိနေသလိုထင်မြင်မိလို့ အနည်းငယ်မွန်းကြပ်ရသေးသည်။

"ဘာတွေဖြစ်နေတာလဲ"

ဘယ်လိုအခြေအနေတွေ ဖြစ်ပျက်သွားရမှန်း အခုချိန်ထိကို နားမလည်နိုင်သေးသဖြင့် မှန်ထဲက ကိုယ့်ကိုကိုယ်ကြည့်ရင်း ကြောင်တောင်တောင် စိုက်ကြည့်မိနေ၏။

"ဒါဆို သူနဲ့ဇာနည်လင်းထွဋ်တို့ဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမှာများလဲ....."

တကယ်ကြီးကို ဘာမှဆက်တွေးလို့မရတော့သည်မို့ နောက်ကျိလာရသော ခေါင်းကိုခါယမ်းလိုက်ပြီးနောက် မျက်နှာသစ်ကာ ရေချိုးရတော့သည်။

ထိုအချိန်တွင်လဲ ဆိုဖာပေါ်တွင် ပက်လက်လှန် လဲလျောင်းကာ ပျော်ရွှင်မြူးတူးနေသည့် ဇာနည်လင်းထွဋ်။

~~~~~~~~~~~~~~~~

ရေချိုးခန်းက ထွက်လာပြီး အဝတ်အစားများကို အဝတ်လျှော်စက်ထဲ ထည့်နေစဥ် အနောက်ဘက်ထံမှ ကိုယ်ငွေ့တစ်ခု ခံစားလိုက်ရပြီး သိမ်းကြုံးအဖက်ခံထားလိုက်ရသည်။ ဘာလုပ်ရမှန်းမသိပါဘဲ တောင့်ခဲနေမိတုန်းမှာတင် ပုခုံးပေါ်သို့ မေးတင်လာသော ဇာနည်လင်းထွဋ်။

"လွမ်းနေခဲ့တာ ဒီနို့နံ့လေးကို"

အိမ်နေရင်း စွပ်ကျယ်ဂျိုင်းပြတ်သာ ဝတ်ဆင်ထားသည်မို့ လစ်လပ်နေသော ပုခုံးသားတို့ကိုရူးမူးစွဲလန်းစွာ နမ်းရှိုက်နေသူ။ ငြိမ်သက်သွားခဲ့ရသော ရင်ခုန်သံတွေဟာ လျှင်မြန်စွာပြန်လည် ခုန်ပေါက်လာရသဖြင့် အသက်ရူရပင် ခက်ခဲလာရတော့သည်။ မနေတတ်ဖြစ်စွာနဲ့ပဲ လူးလွန့်ကာ ရှောင်ဖယ်လိုက်တော့ ခန္ဓာကိုယ်အား ဆွဲလှည့်လိုက်ပြန်သော ဇာနည်လင်းထွဋ်။ ထိုသို့သော လုပ်ချင်ရာလုပ်ပြီးအတင့်ရဲနေသည့် ဇာနည်လင်းထွဋ်အား သတိပေးစကား ပြောကြားရန်အတွက် မျက်နှာထားတင်းတင်းဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်ပြီး မျက်နှာကို လက်ညှိုးထိုး၍

𝑫𝒂𝒕𝒊𝒏𝒈 𝑾𝒊𝒕𝒉 𝑺𝒊𝒏𝒈𝒍𝒆 𝑴𝒂𝒏 [Complete]Where stories live. Discover now