Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-1 ပူးပေါင်း ဆောင်ရွက်ခြင်း-1

Start from the beginning
                                    

ရှုရန်က စစ်ဆေးမှုကို လွယ်လွယ်ကူကူ အောင်မြင်သွားပြီးတော့ စာမေးပွဲခန်းထဲကို ဝင်လာခဲ့တယ်။ အထဲမှာ လူအများအပြား ရှိနှင့်နေပြီးဖြစ်တယ်။ ရှုရန်က ထောင့်နားမှာထိုင်နေကြတဲ့ လင်းဟွာနဲ့ ကျောက်ချန်တို့ကိုလည်း မြင်လိုက်ရတယ်။ လင်းဟွာက သူ့ကို ပြုံးရင်း လက်ဝှေ့ယမ်းပြနေတော့ ရှုရန်ကလည်း သူ့ရဲ့နှုတ်ဆက်မှုကို ဖော်ပြဖို့အတွက် ခေါင်းငြိမ့်ပြလိုက်တယ်။ ထို့နောက် သူ့ရဲ့ထိုင်ခုံနေရာကို သူရှာလိုက်ပြီးတော့ သူတို့ရဲ့စာမေးပွဲကြီးကြပ်သူကို စောင့်ရန် သူထိုင်ချလိုက်တယ်။

စာမေးပွဲမဖြေဆိုရတာက အချိန်အကြာကြီး ရှိနေခဲ့ပြီမို့ ရှုရန်တစ်ယောက် အနည်းငယ်ရင်တုန်နေမိတယ်။ ဒီခံစားချက်က မော်ဒန်ခေတ်မှာ သူကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့တဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်အတိုင်းပဲ။

စာမေးပွဲခန်းထဲတွင် အလွန်တိတ်ဆိတ်ငြိမ်သက်လျက်ရှိတယ်။ ဒီနေရာမှာရှိနေကြတဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် မသိကြတာမို့ ဘယ်သူကမှ အသံတစ်သံ မထွက်ကြတာ​ကြောင့် ဖြစ်နိုင်တယ်။ လူအနည်းငယ်ကသာ အသံတိုးတိုးဖြင့် တစ်ခုခုကို ရွတ်ဆိုနေကြလျက်ရှိတယ်။

မကြာခင်မှာပဲ လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားတဲ့ စာ​​မေးပွဲကြီးကြပ်သူ ​တစ်ယောက် ဝင်လာခဲ့တယ်။ ပထမဆုံးအနေနဲ့ စာမေးပွဲစည်းမျဥ်းတွေကို သူအလေးထားပြောဆိုလိုက်ပြီးနောက် စာမေးပွဲဖြေဆိုသူတွေရဲ့ စားပွဲခုံတိုင်းကို စစ်ဆေးလိုက်တယ်။ နောက်ဆုံးမှာတော့ သူစာလိပ်ကို ဖွင့်ချလိုက်တယ်။

စာလိပ်ပေါ်တွင် "ဘဝခရီးလမ်းတစ်လျှောက် သူတော်ကောင်းတရားရှိခြင်းသည်သာ ပထမဦးစွာ" ဆိုတဲ့ စကားလုံးအနည်းငယ်ပါဝင်တဲ့ ခေါင်းစဥ်တစ်ခုသာ ရှိနေတယ်။

သူတော်ကောင်းတရားရှိခြင်းက ပထမလို့ ရှေးပညာရှိတွေအားလုံးက ပြောကြတယ်။ ဒါပေမဲ့ ဒီသူတော်ကောင်းတရားရှိခြင်းဆိုတာမှာလည်း အမျိုးအစား အမျိုးမျိုးရှိတယ်လေ။ ရှုရန်အမြင်မှာဆိုရင် လူတိုင်းလူတိုင်းမှာ သူတော်ကောင်းတရား ရှိသင့်ပေမဲ့ မျက်စိစုံမှိတ် သူတော်ကောင်းတရားဇွတ်ရှိနေခြင်းကတော့ မဖြစ်သင့်ပေ။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now