ဆစ်စလိုမှာ လူပေါင်းများစွာ၏ ဝိုင်းရံထားခံရသောကြောင့် ငိုချင်လာသော်လည်း မျက်ရည်ကျမလာသဖြင့် သူ၏ ခန္ဓာကိုယ်လေးကိုသာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်သည်။

“ခင်ဗျားတို့ ငါ့ကို စမ်းသပ်ခန်းထဲက ဝက်တစ်ကောင်လို့ ဆက်ဆံလို့မရဘူးကွ.. အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို စမ်းသပ်တာ တရားမဝင်တဲ့အပြင် ရာဇဝတ်မှု ကျူးလွန်နေတာပဲ.. မျိုးနွယ်တိုင်းမှာ ညီမျှမှုဆိုတာ ရှိတယ်.. သွေးစုပ်ဖုတ်ကောင်တွေမှာလည်း လူ့အခွင့်အရေး ရှိတယ်လို့.. ငါ့ရဲ့ အသံလှိုင်းကို စမ်းသပ်ဖို့ ခင်ဗျားတို့နဲ့ ပူးပေါင်းပေးနိုင်တယ်.. ဒါပေမဲ့ ငါ့ကို အသက်အန္တရာယ် မပြုရဘူး..”

ပိုင်ယွဲ့သည် ထိုကလေးလေးအားကြည့်ကာ သဘောတကျ ရယ်မောမိသည်။

“စိတ်မပူပါနဲ့.. ငါတို့က လူမဆန်ဘဲ သိပ္ပံကြောင် ကြောင်နေတဲ့သူတွေ မဟုတ်ပါဘူး.. မင်းကို နာကျင်အောင် မလုပ်ဘူးနော်.. ဒါပေမဲ့ မင်းက ရုပ်ရှင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေနဲ့ နည်းနည်းလေးတောင် မတူဘူးဘဲ.. အရမ်းချစ်စရာကောင်းတယ်.. ဟားဟားဟား..”

“ဟွန့် သေချာတာပေါ့.. အဲဒါတွေက မင်းတို့လူသားတွေ အကြားသက်သက်နဲ့ လျှောက်ပြောထားတဲ့ ယုံတမ်းစကားတွေပဲကို..”

ဆစ်စလိုသည် သူ၏ပါးစပ်သေးသေးလေးဖြင့် တတွတ်တွတ် ချေပလေသည်။

“ဒီလိုပြောတော့ မင်းတို့မှာ တခြားမျိုးနွယ်တွေ ရှိနေသေးတာလား..”

နင်ဖုန်းသည် မော့ယန်နှင့် ပိုဆီယာအား ကြည့်လိုက်ပြီးနောက် သိချင်စိတ်အပြည့်ဖြင့် မေးလေသည်။

ဆစ်စလိုသည် မည်သို့ဖြေရမည်အား မသိချေ။ မဝံ့မရဲဖြင့် ပြောလေသည်။

“ရှိတယ်.. ဒါပေမဲ့ ခင်ဗျားတို့က သူတို့ကို မမြင်ရဘူး.. ငါလည်းပဲ သူတို့ကို အခု မမြင်ရဘူး..”

ထိုစကားအား ကြားသည့်အခါ နင်ဖုန်းသည် ဆစ်စလို၏ ဝမ်းနည်းဖွယ် အမှတ်တရအား ထိလိုက်မိသည်ဟု တွေးမိပြီးနောက် တောင်းပန်စကားဆိုလိုက်သည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် ပါးစပ်ပိတ်ပြီး မေးမြန်နေမှုအား ရပ်တန့်လိုက်သည်။

Boss Baby ဟမ်းစတားလေး ဝူယိWhere stories live. Discover now