အပိုင်း (၁၃၉)

Start from the beginning
                                    

အဓိကက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပိုင်အိမ်ကထွက်မသွားရဖို့ပဲ။ ဒါကြောင့်ကျိုးရှီက ပိုင်ကျန်းရဲ့ခြေထောက်ကို တင်းတင်းဖက်ထားပြီး ငိုရင်းနဲ့...

"အမေ..အမေ ကျွန်မကိုမုန်းတာ သိပါတယ် ဒါပေမယ့် အမေ့မြေးလေးအတွက် စဥ်းစားပါဦး သူက အမေအရင်းမဟုတ်ဘဲ မိထွေးလက်ထဲမှာ ဘယ်လိုလုပ် ကောင်းကောင်းနေနိုင်မှာလဲ အမေက ကျွန်မကိုမုန်းရင်တောင် အမေ့ရဲ့မြေးကိုတော့ မုန်းလို့မရဘူးလေ! သူက ပိုင်အိမ်ရဲ့အသွေးသားပဲကို အမေ သူ့အတွက်မတွေးပေးနိုင်တာ သူ့ကိုရော မုန်းနေလို့ပဲ မဟုတ်ဘူးလား!"

ကျိုးရှီ၏ပါးစပ်က အလွန်အဆိပ်ပြင်းသည်ပင်။ သူမက သူမကိုအိမ်အပြင်ထုတ်တာက ကလေးကိုမချစ်လို့ပဲလို့တောင် ပြောရဲသေးတယ်။

ကျိုးရှီက တဆက်ထဲ ပြောနေတော့၏။

"အမေ ကျွန်မကို အခွင့်ရေးပေးပါဦး တစ်ခါပဲ အခွင့်ရေးထပ်ပေးပါ! တကယ်ကို ကောင်းကောင်းနေပါ့မယ်! ကျွန်မသားလေးနဲ့ မခွဲပါရစေနဲ့နော် ယောင်္ကျား.. ယောင်္ကျား အမေ့ကိုကူပြောပေးပါနော်! ရှင် နောက် မိန်းမထပ်ယူရင် သူမက ကျွန်မတို့သားလေးကို နှိပ်စက်လိမ့်မယ်! ဘယ်သူမှ မိခင်အရင်းလို ကောင်းနိုင်မှာမဟုတ်ဘူး ကျွန်မသားလေးနဲ့နေပါရစေ ကျွန်မ ကလေးနဲ့ပဲနေပါရစေနော် ကျေးဇူးပြုပြီး ကျွန်မကို မစွန့်ပြစ်လိုက်ပါနဲ့နော်"

ပိုင်ကျန်းသည် ကျိုးရှီ၏ လက်ရှိပုံကိုကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်နေမိသည်။ သူမက လွန်ခဲ့တဲ့သုံးရက်ကမှ ကလေးမွေးထားတာကြောင့် အားနည်းဖျော့တော့နေပြီး ပုံမှန်ပြန်မဖြစ်သေးပါဘူး။ အခုလည်း သူမက အရမ်းငိုနေတာကြောင့် တစ်ခုခုဖြစ်သွားတော့မယ့်ပုံတောင် ပေါက်နေခဲ့တယ်လေ။

ဒါကြောင့်ပင် ပိုင်ကျန်းသည် ပိုင်အမေကို ကျိုးရှီကိုပြန်လက်ခံတာမျိုး မဟုတ်ပေမယ့် ကလေးလသားလောက်ထိ သူမကိုဆက်ထားဖို့ ဖြောင်းဖျပေးချင်ခဲ့သည်။ ဒါပေမယ့် သူမပြောရသေးခင်မှာပဲ ပိုင်အမေက ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။

"မပြောနဲ့! မင်းဘာပြောမလဲဆိုတာ ငါသိတယ်! ငါလည်းသိပါတယ် ဒီမိန်းမက နှစ်တွေအကြာကြီး အတူတူနေလာတာဆိုတော့ သူမကို ဖယ်ထုတ်ရတာက ကိုယ်ပိုင်အသားကိုလှီးထုတ်ရသလို ဖြစ်နေမယ်ဆိုတာကို! ဒါပေမယ့် သူမက ပုပ်နေတဲ့ အသားဆိုတာကို မင်းမမေ့လိုက်နဲ့! ငါတို့က ပုပ်နေတဲ့အသားကို မဖယ်ထုတ်လိုက်ဘူးဆိုရင် အကုန်လုံးပုပ်သွားလိမ့်မယ်လေ! အဲဒီတော့ မင်းက အဲဒီပုပ်နေတဲ့အသားကို မဖယ်ထုတ်နိုင်ဘူးဆိုရင် မင်းရဲ့အမေဖြစ်တဲ့ ငါကပဲ ဖယ်ထုတ်ပေးမယ် "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now