"ငါလည်း မင်းကို ပြောခဲ့ပါတယ်...ရွှေစင်ကို မျက်ရည်မကျစေဖို့"

ထိုစကားအဆုံး မဟာက ခေါင်းမော့လာကာ တုန်ရီနေသော မျက်ဝန်းများဖြင့် သူ့အားကြည့်လာသည်။

"ငါ တောင်း တောင်းပန်ပါတယ်"

ခွပ်!

"မျိုးမာန်!!"

မျိုးမာန်က မဟာ့အား လှမ်းထိုးလိုက်သောကြောင့် ဟိန်းက မျိုးမာန်အား ၀င်ဆွဲရသည်။ မဟာမှာတော့ အထိုးခံရသောကြောင့် နောက်ကို ယိုင်သွားသော်လည်း အချိန်မီပြန်ထိန်းနိုင်ခဲ့သည်။

"ဟက်! တောင်းပန်ပါတယ် ဟုတ်လား...မင်းတောင်းပန်လိုက်ရုံနဲ့ အရာရာက အဆင်ပြေသွားမယ်လို့ ထင်နေတာလား...မင်းမို့လို့ လုပ်ရက်တယ်...ရွှေစင့်အပေါ်...ဒီသနားစရာကောင်းတဲ့ ကလေးအပေါ် မင်းမို့လို့ကွာ...အလင်္ကာ ငိုရင်တောင် သူမှီခိုဖို့ ငါရှိသေးတယ်...ဒါပေမယ့် ရွှေစင်မှာ မင်းပဲရှိတာကွ...မင်းပဲရှိတာ... မဟာ မင်းကွာ...တောက်! "

မျိုးမာန် ထပ်ထိုးလိုက်ချင်သော်လည်း ဟိန်းက သူ့အားဆွဲထားသည်ကြောင့် သူလုပ်၍မရပေ။ မဟာမှာတော့ ခေါင်းငုံ့ကာပင် မျက်ရည်ကျနေသည်။ ဟိန်းမှာလည်း ယခုဖြစ်ပျက်နေသော အခြေအနေအတွက် စိတ်မသက်မသာဖြစ်လှသည်။ အရာအားလုံးကို အမှန်အတိုင်း ထုတ်ပြောလိုက်ချင်သည့်စိတ်များ ဖြစ်ပေါ်လာရသော်လည်း အိနြေ္ဒ၏ မျက်နှာလေးကို မြင်ယောင်နေသည်ကြောင့် သူမပြောရက်ပေ။

မျိုးမာန်က မဟာ့ကိုကြည့်ကာ ထပ်၍ စကားစသည်။

"မဟာ မင်းအခုလုပ်လိုက်တာက နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ ငါတို့အသိုက်အမြုံကို ဖျက်ဆီးပစ်လိုက်တာပဲကွ...အခုမင်းကြောင့် ရှေ့ဆက်ပြီး အိနြေ္ဒနဲ့ ရွှေစင် ဘယ်လိုမျက်နှာချင်းဆိုင် စကားပြောကြတော့မလဲ...အခုဏက ရွှေစင်ရဲ့ မျက်လုံးအကြည့်တွေကို မင်းမြင်လား...မြင်လား ဟေ့ကောင်...ငါမေးတာ ဖြေစမ်းပါ...ဘာလို့ပါးစပ်ပိတ်ပြီး ခေါင်းငုံ့နေတာလဲ...ရွှေစင်ရဲ့ မျက်ရည်တွေကို မင်းမြင်ရဲ့လား...အနာဂတ်ပျောက်သွားသလိုဖြစ်သွားတဲ့ သူ့အကြည့်တွေကို မင်းမြင်ရဲ့လား ဟမ်!!"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now