ကျိုးရှီကိုနှင်ထုတ်ခြင်း

Start from the beginning
                                    

ကျိုးရှီအကြောင်းပြောရလျှင် အဆိပ်သောက်ဖို့ကြိုးစားပြီးနောက် ထိုအမျိုးသမီးက အလွန်ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့သည်။ ကျိုးရှီက ကျိုးရှီလိ​မြထင်ရလောက်အောင်ကိုသယမကအေးအေးဆေးဆေးနေခဲ့တာပါ။

သူမက ပိုင်အိမ်က ကျွေးသမျှကိုစားပြီး ကိုယ်ဝန်အတွက် တိုက်တဲ့ အားဆေးမှန်သမျှကိုလည်း ငြင်းဆန်ခြင်းမရှိခဲ့သလို သူမစားချင်တာရှိရင်လည်း တောင်းဆိုခဲ့သေးပေသည်။ ဒါပေါ့ ပိုင်မိသားစုက အခုအဆင်ပြေနေပြီဖြစ်တဲ့အတွက် သူမတောင်းဆိုမှုတွေက မလွန်ကဲသရွေ့ ဖြည့်ဆည်းပေးခဲ့ကျပါတယ်။

ကျိုးရှီရဲ့ကျိုးမိသားစုကလည်း တစ်ခါတလေ ကျိုးရှီကိုလာကြည့်ခဲ့ကျပြီး ပိုင်အိမ်ကလူတွေကလည်း သူတို့တွေ မဟုတ်တာမကြံစည်သ၍တော့ ဒါကိုမတားစည်းခဲ့ကျပါဘူး။ နောက်တော့ ကြာလာတာနဲ့အမျှ ကျိုးရှီက ပိုပြီးပုံမှန်ဖြစ်လာပြီး သူမက ပိုင်ကျန်းနဲ့လည်း ပုံမှန်လို ပြောဆိုဆက်ဆံလာခဲ့ကာ ပိုင်မိသားစုဝင်များနှင့်လည်း ဘာမှမဖြစ်ထားသည့်အတိုင် စကားများဝက်ရောလာတက်ပေသည်။

ပိုင်လီက ဒီအမျိုးသမီး ဘာတွေတွေးနေလဲဆိုတာကို အနည်းငယ်ရိပ်မိသလို ရှိပါတယ်။ သူမက အခုကောင်းကောင်းမွန်မွန်နေပြနေပြီး သူမအရင်လို မဆိုးတော့ဘဲ ပြောင်းလဲသွားပြီဆိုတာမျိုးကို ပိုင်အိမ်ကလူတွေမြင်အောင် လုပ်ပြနေခဲ့တာဖြစ်ပြီး ဒါမှသာ ကလေးမွေးပြီးခဲ့ရင် ဒါတွေကိုအကြောင်းပြပြီး မျက်ရည်ချူနိုင်မှာဖြစ်လို့ပါပဲ။

ပိုင်လီ၏ ထိုထင်မြင်ချက်သည် အလွန်ကိုမှန်ကန်ခဲ့၏။ ကလေးမွေးပြီး သုံးရက်မြောက်နေ့တွင် ပိုင်အိမ်ကလူတွေက ကျိုးရှီကို တစ်ဖက်ရွာက သူမအိမ်ကို ပြန်လိုက်ပို့ဖို့ လုပ်ခဲ့ကျပေမယ့် ကျိုးရှီကတော့ ပိုင်ကျန်းရဲ့ခြေထောက်ကိုဖက်ပြီး ငိုယိုတောင်းပန်လာခဲ့လေသည်။

သူမက သူမကလေးနဲ့မခွဲနိုင်သေးကြောင်း၊ ကလေးကလည်း အရမ်းငယ်သေးပြီး မိခင်ဖြစ်တဲ့သူမကိုလိုအပ်ကြောင်းနဲ့ သူမပြဿနာမရှာဘဲ ကောင်းကောင်းနေမှာဖြစ်လို့ သူမကိုအချိန်အနည်းငယ်ပေးပါရန် ပြောလာခဲ့တာပင်ဖြစ်၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now