"နင့်ကိုငါ တာဝန်ယူပါ့မယ် အိနြေ္ဒ"

သူ့စကားကြောင့် အိနြေ္ဒက မယုံနိုင်သော မျက်ဝန်းများဖြင့် သူ့အားကြည့်လာတော့သည်။

"ဒါပေမယ့် ရွှေစင်က"

"အဲ့ဒါကို ငါကြည့်ဖြေရှင်းလိုက်ပါ့မယ်...ဒါပေမယ့် အခုကိစ္စကို ဘယ်သူ့ကိုမှ မပြောပါနဲ့အုံးနော်...ငါတောင်းဆိုပါတယ် အိနြေ္ဒ"

အိနြေ္ဒ ခေါင်းညိတ်ပြလိုက်ကာ မဟာ့ရင်ထဲ တိုးဝင်လာတော့သည်။ မဟာလည်း ရင်ခွင်ထဲ တိုးဝင်လာသူအား အလိုက်သင့်ပြန်ဖက်ထားပေးကာ မျက်ရည်များက စီးကျလာတော့သည်။

ဒီအပြစ်တွေကို နောင်ဘ၀မှပဲ ငါဆပ်ပါ့မယ် ရွှေစင်နဲ့ ဟိန်း...ခွင့်လွှတ်ပါလို့တောင် တောင်းဆိုဖို့ ငါမပြောဝံ့တော့ပါဘူး.....

သူ့ရင်ခွင်ထဲမှ အိနြေ္ဒ၏ အပြုံးကိုတော့ စိတ်လွင့်နေသော မဟာတစ်ယောက် မမြင်လိုက်ရပေ။

**********

မနက်စာ စားဝိုင်းလေးသည် အရင်နေ့ကနဲ့မတူ တိတ်ဆိတ်လို့နေသည်။ စားပွဲဝိုင်းတွင်ထိုင်နေသော လူအကုန်လုံးလိုလိုကလည်း စားစရာများကို တို့ကနန်းဆိက်ကနန်းသာ စားနေကြသည်။ အလင်းလေး၏ အသံမှ လွဲရင် ဇွန်းသံများတောင် မကြားရအောင် တိတ်ဆိတ်လို့နေသည်။

အလင်္ကာမှာတော့ ဖြူဖျော့နေသော ရွှေစင်ကိုကြည့်ကာ စိတ်ထဲတင်းကျပ်နေသည်။ မဟာ့နဲ့ အိနြေ္ဒအား သူစိတ်ဆိုးဒေါသထွက်မိသည်။ မနက်က အိနြေ္ဒ့အခန်းထဲကနေ အတူထွက်လာသော မဟာနဲ့ အိနြေ္ဒကို အမှတ်မထင်ပဲ အလင်္ကာတွေ့ရှိခဲ့ရသည်။ တွေ့တုန်းကတော့ ရိုးရိုးလေးသာ တွေးခဲ့သော်လည်း မတော်တဆ မဟာ့လက်မောင်းမှ သာမန်မဟုတ်သော ကုတ်ခြစ်ရာများနှင့် နီရဲနေသော အိနြေ္ဒ့မျက်နှာကြောင့် အလင်္ကာ အခြေအနေကို သဘောပေါက်သွားခဲ့ရသည်။ စိတ်ထဲတွင်လည်း မယုံကြည်နိုင်မှုတို့က ကြီးစိုးသွားရသည်။

ရွှေစင့်အပေါ် လုပ်ရက်လိုက်လေခြင်းဟုသာ တွေးရင်း ထိုနှစ်ယောက်အား ဒေါသတို့ထွက်မိရသည်။

ထို့အပြင် တစ်ခြားအကွယ်တစ်နေရာကနေ ထိုနှစ်ယောက်အားကြည့်နေသော ရွှေစင်ကိုလည်း တွေ့လိုက်ရသည်ကြောင့် စိတ်ထဲ ပို၍မွန်းကြပ်လို့သွားခဲ့ရသည်။ မဟာ့အားကြည့်နေသော ရွှေစင်မျက်လုံးတို့က နာကျင်နေပြီး မျက်ရည်တို့ကလည်း စီးကျနေသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now