Intro

344 7 0
                                    

အချစ်.....အချစ်ကဘာလဲလို့မေးရင် ကျွန်တော်ပြောမယ့်စကားတွေအကုန် ခဗျားနာမည်နဲ့ပဲ စမိလိမ့်မယ်။ သိပ်ကိုညွှို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံရဲ့ပိုင်ရှင်ဟာ ကျွန်တော်ပြောမယ့်အချစ်ရဲ့ ခေါင်းစဥ်ပဲ။

ကောင်းခက်ထန်

မုန်းပစ်ရင်ပိုအဆင်ပြေမယ်ဆိုတာသိနေရက်နဲ့ ဆက်ချစ်နေမိသေးတဲ့ နှလုံးသားက ကြာတော့နှလုံးခုန်သံတွေပါစည်းချက်မညီတော့ဘူး။ နာကျင်တယ်ဆိုတာသိတယ် သိရက်နဲ့ဆက်ချစ်နေမိတယ်။

သက်လွန်းခက်

ရေခြားမြေခြားမှာ နေထိုင်နေတဲ့ကောင်လေးတစ်ယောက်.....ဘယ်မိသားစုဝင်နဲ့မှအဆက်အသွယ်မလုပ်ပဲ တစ်​ယောက်တည်း ဘဝကိုကြိုစားရုန်းကန်နေတဲ့ ထိုသူ​ဟာအပြင်ပိုင်းကြည့်ရင် အေးဆေးတည်ငြိမ်ဖြောင့်မတ်လွန်းလှတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့အခြားတစ်ဖက်မှာ ပူလောင်းမှုတွေပြည့်နှက်နေတယ်ဆိုတာ သူကိုယ်တိုင်ကလွဲ တစ်ဦးတစ်ယောက်မှ မသိနိုင်ကြဘူး။
ရုပ်ရည်ပိုင်းခြားရ ဖြောင့်မတ်လွန်းတဲ့နှာတံ၊ ကျယ်ပြန်လွန်းလှတဲ့ နှာဖူးပြင်၊ နက်နဲထူသိပ့်နေတဲ့ မျက်ခုံးမွှေးတစ်စုံ ၊ ရယ်လိုက်ရင် သိပ်ကိုဆွဲဆောင်မှုရှိတဲ့ ပါးမို့ထက်က ပါးချိုင့်လေးတစ်စုံရယ်ကြောင့် ဒီကောင်လေးဟာ ပြည့်စုံတယ်ဆိုတာထက်ပိုပီးပြည့်စုံလွန်းလှပေတယ်။ ဒါတင်ပြီးပြီလားဆိုတော့ လူအများကြားမှာ သိသာစွာရှင်းရှင်းလင်းလင်းမြင်ရတဲ့ နောက်အကြောင်းပြချက်ကတော့ ၆ပေ ၃လက်မ ရှိတဲ့သူရဲ့အရပ်အမောင်းပဲဆို
ပါတော့။ မြင်ကြသူတိုင်းပြောကြတဲ့စကားကတော့ ဒီကောင်လေးလို အညိုမကျအဖြူမကျအသားရည်နဲ့ဒီလိုပုံစံအရပ်မောင်းတွေ တည်ကြည်တဲ့အလှမျိုးဟာ Company တစ်ခုခုရဲ့ CEO တစ်ယောက်ဖြစ်သင့်တယ်ဆိုပြီး ဝေဖန်ပြောဆိုလေ့ရှိကြတဲ့ ထိုကောင်လေးရဲ့အမည်ကတော့.....ကောင်းခက်ထန်။

***ပါးချိုင့်လေးကတော့ မပါပေမယ့်မြင်ယောင်ပီးကြည့်ပေးနော် စာဖတ်သူလေးတို့😁***

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

***ပါးချိုင့်လေးကတော့ မပါပေမယ့်မြင်ယောင်ပီးကြည့်ပေးနော် စာဖတ်သူလေးတို့😁***

မန္တလေးမြို့ရဲ့နွေရာသီအပူချိန်မျိုးမှာတောင် ယခုလို လှပတဲ့မျက်ဝန်းတစ်စုံရှိတဲ့ထိုအမျိုးသားတစ်ယောက်နဲ့အကြည့်ချင်းဆုံမိမယ်ဆိုရင်တောင် ချက်ချင်းအပူမီးတွေငြိမ်းပြီး အေချမ်းလွန်းလှတဲ့မျက်ဝန်းပိုင်ရှင်လေးတစ်ယောက်၊ အရာရာကိုဆွဲငင်နိုင်တဲ့ ချိုမြိုင်တဲ့အပြုံး၊ မြင်သူတိုင်းအားကျရတဲ့ ဖြူဝင်းတဲ့အသားရည်နဲ့ ဒီကောင်လေးကို မန္တလေးသားဆိုတာတောင် လူတိုင်းမယုံကြည်နိုင်လောက်တဲ့ထိဖြစ်ကြတာ မဆန်းပါဘူး။ 5 ပေ 11လက်မ ဆိုတဲ့အရပ်အမောင်းနဲ့ ထိုကောင်လေးဟာ ဆံပင်ကောက်ကောက် ခြေတံသွယ်သွယ်လေးတွေနဲ့တစ်ကယ့်ကို တရုတ်မင်းသားလေးတစ်ယောက်လိုလို ကိုးရီးယားမင်းသားလေးတစ်ယောက်လိုလိုနဲ့ မင်းသားအသွင်ပြင်မျိုးသာဖြစ်ပေတယ်။ အသက်ရွယ်အားဖြင့် 25 ဝန်းကျင်ဆိုပေသည့် သူရဲ့အရပ်မောင်းကြောင့်သာမဟုတ်ရင် သူ့ကို ၁၈ နှစ် ၁၉ နှစ်များသာ ထင်ကြပေမည်။ တော်သေးတယ်အရပ်ရှည်ပေသေးလို့လို့သာမှတ်ယူရမယ်ဖြစ်သည်။ မန္တလေးမြို့မှာကြီး မန္တလေးမြို့မှာနေထိုင်တဲ့ မန္တလေးသားလေးရဲ့အမည်ကတော့ သက်လွန်းခက်တဲ့။

မန္တလေးမြို့ရဲ့နွေရာသီအပူချိန်မျိုးမှာတောင် ယခုလို လှပတဲ့မျက်ဝန်းတစ်စုံရှိတဲ့ထိုအမျိုးသားတစ်ယောက်နဲ့အကြည့်ချင်းဆုံမိမယ်ဆိုရင်တောင် ချက်ချင်းအပူမီးတွေငြိမ်းပြီး အေချမ်းလွန်းလှတဲ့မျက်ဝန်းပိုင်ရှင်လေးတစ်ယောက်၊ အရာရာကိုဆွဲငင်နိုင်တဲ့ ချိုမြိုင်တဲ့အပြု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

**ဖြူဖြူချောချောလေး သက်လွန်းခက်ပါရှင်** ကြည့်ရင်းလိုချင်လာပီ😢

**မှတ်ချက် ပုံတူများရှိလာခဲ့ပါက Min ကိုလာပြောနိုင်ပါတယ်ရှင်။ **

Loved! Where stories live. Discover now