အပိုင်း (၁၃၇)

Start from the beginning
                                    

ကျားယန်က မသိတတ်ဘဲ သူ့ဇနီးလေးက သဘောကောင်းလွန်းတယ်။ ဒါကြောင့် ပိုင်လီက ကျားယန်က သူ့ဇနီးလေးကို တစ်ခုခုအမြတ်ထုတ်သွားမှာ တကယ်ကြောက်မိတယ်။

တကယ်တော့ ပိုင်လီက သူ့ဇနီးလေးကို သူတို့နဲ့အတူခေါ်ခဲ့ချင်ပါတယ်။ ဒါပေမယ့် ဒီမြစ်က သူ့ဇနီးလေးကို အသက်အန္တာရယ် စိုးရိမ်ရတဲ့ထိ ဖြစ်စေခဲ့တဲ့နေရာမလို့ သူက အတိတ်ဟောင်းတွေကို ပြန်သတိမရစေချင်ဘဲ တမင်မခေါ်ခဲ့ဖို့ ဆုံးခဲ့တာဖြစ်ပြီး သူ့ဇနီးလေးကို ကြည့်ရတာလည်း ဒီမြစ်ကို လိုက်ခဲ့ချင်ပုံမရလို့ပါပဲ။

မြစ်ကိုရောက်တော့ ပိုင်လီက ပိုင်အိမ်က လယ်ကွက်တချို့ကို အသေးလေးတွေကိုပြနေခဲ့ပါတယ်။

"အဲဒီဟာ ပြီးတော့ဟိုးထိ အဲတာတွေက ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့လယ်ကွက်တွေပဲ မှတ်မိလား"

အသေးလေးတွေက တကယ်မှတ်မိလား မသိပေမယ့် သူတို့ရဲ့ခေါင်းလေးတွေကတော့ ငြိမ့်နေတာပါပဲ။ ပိုင်လီက မြစ်ကို တစ်ခါပဲရောက်ခဲ့တာဖြစ်ပြီး အဲတာက ဆောင်းဦးမှာပင်။ အခုကတော့ နွေဦးဖြစ်ပြီး အဲဒီတုန်းကထက်စာရင် အခြေနေက ပိုကောင်းပါတယ်။

သူတို့က စူးစူးကို ပေါင်းပင်တွေစားရအောင် အနီးနားမှာ လွတ်ထားပေးလိုက်ပြီးနောက် ပိုင်လီက ရေထဲလျှင်မြန်စွာဆင်းသွားခဲ့၍ ကျူးလင်နဲ့ ဖုပင်းမှာအနည်းငယ် အံသြသွားခဲ့ကျပေသည်။

သူတို့သခင်က ကြည့်ရတာ ကြွယ်နေတဲ့ပုံရပေမယ့်ဘာကြောင့် သူ့သားတွေက ငါးစားချင်တယ်ပြောတာနဲ့ ကိုယ်တိုင်မြစ်ထဲဆင်းပြီး ဖမ်းပေးလဲဆိုတာကို သူတို့တွေ မတွေးတတ်တော့ပါဘူး။

ဝယ်လိုက်လို့ ရနေတာပဲမဟုတ်ဘူးလား။

ဖုပင်းကဆို ပိုင်လီက သူ့ကိုဆင်းဖမ်းခိုင်းလိမ့်မယ်လို့တောင် ထင်နေခဲ့တာ။

ပိုင်လီရေထဲဆင်းသွားသည်နှင့် အသေးလေးတွေသည် အော်ဟစ်နေခဲ့ကျပေသည်။

"အဖေ ငါးအကြီးကြီးဖမ်းပါ! "

"အကြီးကြီး ဒီလိုမျိုး အကြီးကြီး!"

ပိုင်လီက ကမ်းပေါ်ကနေ တတ်ကြွနေသည့်သူ့သားလေးတွေကိုပြုံးပြလိုက်ပြီး ရေထဲငုံသွားခဲ့၏။ ခဏကြာအောင် ပြန်ပေါ်မလာတော့ အသေးလေးတွေကငြိမ်လာသလို ဖုပင်းနဲ့ကျူးလင်လည်း အနည်းငယ်လန့်လာခဲ့ကျရသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now