အပိုင်း (၃၉၁) ကယ်တင်ခြင်း

Start from the beginning
                                    

မည်သို့ဆိုစေ သူသည် အရှိန်ဖြင့် ရှေ့မှပြေးထွက်သွားသည်ဖြစ်ရာ သူနာမည်ကိုပင် မမှတ်လိုက်ရပေ။

ဝှစ်။

ဖူကျို့သည် သူ့ခြေထောက်ကို ဆွဲပင့်ကာ စကိတ်ဘုတ်ကို ရပ်လိုက်၏။ ထို့နောက် သူမသည် ထိုနေရာတွင် သူမ၏ လှပသည့်ကျောပြင်ကို ခပ်မတ်မတ်ထားကာ ရပ်လိုက်၏။ သူမသည် ကျောင်းနံရံအမြင့်ကို စတင် တိုင်းတာလိုက်တော့သည်။

အမှန်ပင်။ ဖူကျို့သည် နံရံကို ကျော်တက်ပေတော့မည်။

ကျောင်းနံရံကိုကပ်ကာ ကန်စွန်းဥဖုတ်ရောင်းနေသည့် လူကြီးတစ်ယောက်ရှိနေ၏၊ သူသည် လူငယ်လေးက ထိုနေရာတွင် ရပ်လိုက်သည်ကို မြင်လိုက်ချိန်၌ စီးကရက်ကိုက်ထားသည့် သူ့နှုတ်ခမ်းသည် အနည်းငယ် တွန့်ချိုးသွားတော့သည်။

“ ဒီနေ့ခေတ်ကလေးတွေက တကယ်ပါပဲ....”

သူတို့တွေက ကျောင်းသွားပြီဆိုတာနဲ့ ရိုးသားမှုတောင်မရှိကြတော့ဘူး။

နံရံသည် အနည်းငယ် မြင့်နေ၏။ ကနဦးခန့်မှန်းချက်ထုတ်လိုက်ပြီးနောက် ဖူကျို့သည် ခြေကန်အားချနိုင်သည့် နေရာတစ်ခုကို စတင်ရှာလိုက်တော့သည်။

“ ကျောင်းအုပ်ကြီး မိသွားအုံးမယ် သတိထားအုံး”

ဦးလေးကြီးသည် ဖူကျို့ကို သတိပေးလိုက်၏။

သူမသည် နှုတ်ခမ်းထောင့်များကို ကွေးကာ ပြုံးပြလိုက်ပြီး နာရီကို ကြည့်လိုက်လေသည်။

၅မိနစ်ကျန်သေးတယ်။ အချိန်မီပါတယ်။

လှလှပပဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်နေကြသည့် အမှတ်(၂)အလယ်တန်းကျောင်းသားများ ၃၊ ၄ ယောက်ခန့်ရှိနေ၏။

ထိုမိန်းကလေးသည် အလွန်ရင်းနှီးဟန်ဖြစ်နေသည်။

သူမက သူ့ကို မနေ့က တွေ့ခဲ့၏။

ဖူကျို့သည် ဘယ်ဖက်ခြမ်းက နံရံကို တစ်ချက်ပြန်မော့ကြည့်လိုက်သည်။ တစ်ချိန်ထဲတွင် သူမသည် ထိုနေရာက အဖြစ်အပျက်ကိုလဲ လေ့လာလိုက်သည်။

နောက်ဆုံးတွင် သူမသည် ပြတ်ပြတ်သားသား လှည့်သွားလိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now