အပိုင်း (၃၉၀) ဇာတ်လမ်းဆင်ခြင်း

Start from the beginning
                                    

“ အက်မင် ဘာလို့ ငါ့ပိုစ်ကို ဖျက်လိုက်တာလဲ ၊ -ျီးပဲ..”

ထိုနောက် ထိုလူသည် အလွန်ဆိုးယုတ်သည့်စကားကိုသုံးကာ ဆဲရေးလိုက်တော့သည်။

ထိုလူကို နှစ်သိမ့်ပေးသူ တစ်ယောက်စုံတစ်ယောက်က ရှိသေး၏။

“ ဒါက ပုံမှန်ပါပဲ၊ ငါ့ပိုစ့်လဲ ဖျက်ချခံလိုက်ရတယ်လေ၊ မူရင်းပိုစ့်ပိုင်ရှင်အတွက်တော့ စိတ်မကောင်းပါဘူး”

ထို့ထက်မကသေးဘဲ တစ်စုံတစ်ယောက် စာတစ်စောင် ရေးလိုက်ပြန်၏။

“ကြည့်ရတာ တခြားသူတွေရဲ့ မှတ်ချက်ကိုပဲ ချန်ထားပြီး မင်းကို ထိုးချနေတဲ့ပုံပဲ၊ ငါ့အထင်တော့ တခြားလူတွေမှာပဲ ပြဿနာရှိတယ်လို့ အမြဲတမ်းတွေးနေတဲ့ Spade Z နဲ့ ပတ်သက်နေမယ်ထင်တယ်၊ ဒါက ဖန်တွေကို ဖြတ်လျှောက်တစ်ယောက်ဖြစ်သွားစေပြီး သူ့ကို စွန့်ပစ်သွားစေနိုင်တယ်နော်”

“ ငါက Spade Z ဖန်တော့မဟုတ်ပါဘူး ဒါပေမဲ့ ငါက Supremeအသင်းရဲ့ ဖန်လေ၊ ငါ့အထင်တော့ Supremeအသင်းက Spade Zကို နိုင်ငံ့တံခွန်စိုက်ပြိုင်ပွဲမှာ ပါခွင့်ပေးဖို့ ပြန်စဥ်းစားစေချင်တယ်၊ အမှန်အတိုင်းပြောရရင် သူ့လိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

ထိုလူများကြောင့်ပင် ကာလီအဖွဲ့သားများသည် ပိုစ့်များကို ကြည့်ကာ ဝမ်းသာနေကြတော့သည်။

လျိုလိက ပြုံးလိုက်၏။

“ငါပြောသားပဲ ၊ ကိုယ်တိုင်လုပ်စရာမလိုပါဘူးလို့၊ ငါတို့တွေက သူတို့ကို သဲလွန်စတချို့ ပေးလိုက်ဖို့ပဲလိုတာ၊ တချို့လူတွေက အလိုလိုနဲ့ ငါတို့နောက်လိုက်လာလိမ့်မယ်လေ”

“ သူ ဒါနဲ့ပဲတန်တယ်”

ကာလီအဖွဲ့သားများသည် ပျော်ရွှင်နေကြ၏။

“ ဒီအသုံးမကျတဲ့ဖူမိသားစုရဲ့သခင်လေးက ဆဲခံရဖို့ လိုနေတာ”

လျိုလိသည် တရားဝင်Weibo ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်၏။

“ သူတို့တွေ ခပ်ကြမ်းကြမ်း မဆဲကြတာပဲ နှမျောဖို့ကောင်းတယ်၊ ပြီးတော့ လူနည်းနည်းလေးပဲ ရှိသေးတယ်၊ ငါတို့ မီးစာထပ်ထည့်ဖို့ လိုသေးတယ်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now