အပိုင်း (၃၈၇) အရှက်ရဖွယ်

Start from the beginning
                                    

ဖူကျို့က သူ့ကို မော့ကြည့်လိုက်၏။

“ ဪ”

ဘာလဲ။

ကောင်လေးသည် သူ့ကို အမှန်ပင် နားမလည်နိုင်တော့ချေ။

ဂိမ်းထဲက နတ်ဘုရားတွေအားလုံးက ဒီလိုပဲလား။

သူတို့တွေက လက်တွေ့ဘဝရဲ့ အခက်အခဲ ၊နာကျင်ခံစားမှုတွေကို မသိကြဘူးလား။

“ မင်းကျောင်းမှာ ဘာအခက်အခဲပဲရှိရှိ....”

ကောင်လေးသည် တစ်စုံတစ်ခုကို ဆက်ပြောချင်နေ၏။

ဖူကျို့က အပြုံးလေးနှင့် ဖြတ်ပြောလိုက်လေသည်။

“ငါ့ စကေးနဲ့ ဘယ်လို အခက်အခဲမျိုး ကြုံရမယ်လို့ မင်းထင်ထားလဲ”

စကားတစ်ခွန်းထဲပင်။

ကောင်လေးသည် ရုတ်တရက် ဆွံ့အသွားတော့သည်။

အွန်း...

သူတို့သည် သူ့ကို ကာကွယ်ပေးချင်နေဆဲပင်။

လူချောလေးက အခုလေးတင် အသားကင်ဆိုင်မှာ လုပ်ပြသွားတာကို သူတို့ ဘယ်လိုလုပ်ပြီး မေ့ပစ်နိုင်မှာလဲ။

ဖြစ်နိုင်တာက.... ဖြစ်နိုင်တာက သူတို့လေးယောက်ကတောင် သူ့ကို တားနိုင်မှာမဟုတ်လေဘူး။

မဖြစ်နိုင်ဘူး။

ခဏလေး။

“ မင်းတကယ်ပဲ အမှတ်(၁)အလယ်တန်းကျောင်းကလား၊ အဲကျောင်းမှာ ဘယ်တုန်းက ဒီလောက် စကေးရှိတဲ့ ကစားသမား ရှိသွားတာလဲ”

ဖူကျို့သည် သူ့မျက်ခုံးကို ပင့်လိုက်ပြီး လေးလေးနက်နက်ဖြင့် ပြန်ဖြေလိုက်၏။

“ ငါက အရမ်းထူးချွန်တာလေ၊ ဒါကြောင့် အဲမှာရှိနေတာပေါ့”

ဟုတ်ပါပြီ။

ကောင်လေးသည် နားဝင်သွားပြီး ပြောလိုက်တော့သည်။

“ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက်တော့ မင်းကို ကျေးဇူးတင်ပါတယ်”

ဖူကျို့သည် တခစ်ခစ်ရယ်လိုက်ပြီး

“မလိုပါဘူး”

ထိုစိတ်ကြီးဝင်ရောဂါရှင်လေးယောက်သည် အရင်ဆုံးထွက်သွား၏။ သူတို့သည် ထွက်မသွားခင်မှာပင် မမေ့မလျော့ ပြန်လှည့်ကြည့်သွားသေးသည်။ သူတို့သည် ချင်မော့နှင့် ဖူကျို့အကြောင်းကို စဥ်းစားနေကြ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now