🍁Part 48🍁

Zacznij od początku
                                    

"အစ်ကို့ အလင်္ကာလေးက သိပ်လှတာပဲကွာ"

"အို...ဘာတွေလာပြောနေတာလဲ"

ထိုစကားအဆုံး အလင်္ကာ သူ့ခေါင်းအား ပွတ်သပ်နေသော မျိုးမာန်လက်ကို ဖယ်ချလိုက်ပြီး မျိုးမာန်အား မျက်နှာလွှဲလိုက်တော့သည်။ တစ်ဆက်တည်းမှာပင် တစ်ချိန်က သူမတို့အုပ်စုပြောခဲ့သော အကြောင်းအရာများကို ပြန်ပြောင်းသတိရမိသွားရသည်။ ထိုစဉ်အချိန်က အလင်္ကာတို့သည် ၈တန်းကျောင်းသားလေးများအဖြစ်သာ ရှိနေကြသေးသည်။ မနက်ပိုင်းစာသင်ချိန်များပြီးဆုံး၍ နေ့လည်ထမင်းစားနားချိန်တွင် ရွှေစင်မေးခဲ့သော အမေးစကားလေးအား ပြန်ကြားယောင်မိရသည်။ အလင်္ကာ၏ အမြင်အာရုံတွင်လည်း အတိတ်တစ်ချိန်က ပုံရိပ်ကလေးများက အလုအယက် ပြန်ပေါ်လာတော့သည်။

လွန်ခဲ့သော နှစ်နှစ်။

"ဒုန်း! "

"ဟဲ့ နင်တို့တွေ ချစ်သူရရင်...ကိုယ့်ချစ်သူကို ဘယ်လိုခေါ်ကြမလဲ"

"အမယ်လေး...လန့်လိုက်တာ ရွှေစင်ရယ်"

"အေးလေ...ရွှေစင်ရယ်...ငါနှလုံးရောဂါ ရတော့မှာပဲ"

စာရေးခုံပေါ် ထမင်းချိုင့်ကို အသံမြည်အောင် တင်လိုက်ရင်း ပြောလာသော ရွှေစင်ကြောင့် အလင်္ကာနဲ့ အိနြေ္ဒမှာ လန်တုန့်သွားကြတော့သည်။ မျက်နှာချင်းဆိုင်က မျိုးမာန်တို့ ၃ယောက်မှာလည်း ရွှေစင်အား အလန့်တကြား ကြည့်လာကြသည်။

"ဟဲဟဲ ဆောတီး ဆောတီး...မေးတာဖြေ...ဘယ်လိုခေါ်မှာလဲလို့"

နေ့လည်ထမင်းစားနားချိန်ဖြစ်တာကြောင့် ထမင်းစားဖို့ပြင်ဆင်နေကြသော အလင်္ကာတို့မှာလည်း ရွှေစင်၏ အမေးကြောင့် တွေဝေသွားကြသည်။ မျိုးမာန်တို့မှာတော့ ဘာမှအရေးမကြီးသည့် ကိစ္စလို ရွှေစင်စကားအား လျစ်လျူရှုထားလိုက်ကြသည်။

"ရွှေစင် ဘယ်ကနေ ဘာတွေကြားလာခဲ့ပြန်ပြီလဲ မသိဘူး"

မဟာက မျိုးမာန်နဲ့ဟိန်းတို့ ကြားရုံသာ အသံတိုးတိုးလေးဖြင့်ပြောသည်ကြောင့် ထိုစကားအားရွှေစင်တို့ မကြားလိုက်ပါချေ။ မျိုးမာန်တို့လည်း မဟာ့ကို ခေါင်းသာခါပြလိုက်တော့သည်။ နေ့တိုင်းလိုလို အခြားသူများပြောသည်ကို နားထောင်ပြီး သူတို့အား မရိုးနိုင်အောင် လာလာရစ်တတ်သော ရွှေစင့်အကြောင်းကို နောကျေနေပြီဖြစ်တာကြောင့် ထိုအမေးအား မသိချင်ယောင်သာ ဆောင်နေလိုက်ကြသည်။ ပြန်ပြောမိလျှင် အထအနကောက်က ရစ်လို့ပြီးတော့မည် မဟုတ်တော့။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Opowieści tętniące życiem. Odkryj je teraz