ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်

Start from the beginning
                                    

ရှင်းလုနှင့်ကျူးလင်ကမူ သူမတို့၏ ကျွမ်းကျင်မှုများကို ပြသရတော့မည်ဖြစ်သဖြင့် ပျော်ရွှင်သွားကျတော့သည်။ သူမတို့က ငယ်ငယ်လေးထဲက သခင်မလေးကို အလုပ်ကျွေးပြုဖို့ လေ့ကျင့်ပေးခံထားရတာဆိုတော့ နည်းလမ်းတချို့ကိုသိပါတယ်။ ဒီတော့ သခင်သစ်တွေ အမြင်ကြည်အောင် သူမတို့ရဲ့ကျွမ်းကျင်မှုမှန်သမျှကို ထုတ်သုံးရမယ်။

ထို့နောက် ရှောင်ဟန်က မနက်စာချက်ဖို့ ပြင်နေသဖြင့် လုရှင်းနှင့်ကျူးလင်တို့သည် အလျှင်မြန်တားလာခဲ့ကျပြီး ရှောင်ဟန်ကို ဘေးကနေသာ ညွှန်ကြားနေစေသည်။ ရှောင်ဟန်က ဒီလိုမျိုးအခြေနေကို အသားမကျသေးတာကြောင့် သူကိုယ်တိုင်ပဲ လုပ်ချင်နေပေမယ့် သူက ဒီမိန်းကလေးတွေ ပြင်းပြင်းထန်ထန်လည်း မပြောနိုင်ဖြစ်နေပြန်၏။

ဤသို့ဖြင့် သူတို့တွေ ချက်ပြုတ်နေချိန်တွင် ကျားယန်တစ်ယောက် အပြေးရောက်လာခဲ့လေသည်။ သူမကိုကြည့်ရတာ အရမ်းမြန်မြန်ပြေးလာခဲ့မှန်းသိသာပြီး သူမရဲ့ခေါင်းကိုတောင်မှ မဖီးနိူင်ခဲ့တာကြောင့် ရှင်းလုနဲ့ကျူးလင်က ကြိတ်ရယ်လိုက်ကျပါတယ်။

ကျားယန်က ဒီကလေးမတွေက စောစောနိုးရဲ့သားနဲ့ သူမကိုမနိုးဘဲ ချန်ထားခဲ့တဲ့အတွက် ဒေါသထွက်နေပေမယ့် သူမက သူတို့သခင်ရဲ့ရှေ့မှာတော့ ဘာမှမပြောနိုင်ပါချေ။

ဒါကြောင့် သူမက ရှောင်ဟန်ကိုပဲ သူမကိုခွင့်လွှတ်ဖို့တောင်းပန်လိုက်ပါတယ်။ ဒါပေါ့ ရှောင်ဟန်က ဒါကိုစိတ်ထဲလုံးဝမထားတဲ့အတွက် သူမကိုအပြစ်မတင်ခဲ့ပါဘူး။

ဒီခွင့်လွှတ်မှုအတွက် ရှင်းလုနဲ့ကျူးလင်ကတော့ မယုံနိုင်ခဲ့ကျသလို ဒီတော့မှပဲ သူမတို့ရဲ့သခင်က တော်တော်လေး အနေအေးပြီး သဘောကောင်းတဲ့သူတစ်ယောက်ဆိုတာ ရိပ်မိသွားကျတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူမတို့ရဲ့သခင်က သူမတို့တွေ့ဖူးတဲ့ သဘောကောင်းချင်ယောင်ဆောင်နေတဲ့ လူတွေနဲ့လုံးဝကိုကွာခြားလို့ပါပဲ။

ဒီအချိန်မှာ အပြစ်တင်မခံရတဲ့ ကျားယန်ကတော့ ရှင်းလုနဲ့ကျူးလင်ကို အငယ်တွေမလို့ သူမပဲလုပ်လိုက်မယ်ဆိုပြီး သူများလုပ်နေတဲ့အလုပ်ကို အတင်းဝင်လုပ်လာတာကြောင့် ရှင်းလုနဲ့ကျူးလင်လည်း ဘေးဖယ်ခံလိုက်ရတော့၏။ သူမလေးတို့က ဒီအတွက် အလွန်ကို ဒေါသထွက်သွားခဲ့ကျတော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now