ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်

Start from the beginning
                                    

ရှင်းလုနဲ့ကျူးလင်က ကျားယန်ကို သိပ်မနှစ်သက်ဘူး။ မနေ့ကထဲက ကျီထုနဲ့ကျားယန်က သူမတို့နှစ်ယောက်က သခင်ငယ်လေးတွေရဲ့ ကိုယ်ပိုင်အစေခံတွေဖြစ်သွားတဲ့အပေါ် သခင်တွေရဲ့နောက်ကွယ်မှာ မကျေနပ်တဲ့ အရိပ်ယောင်တွေ ပြခဲ့တာကြောင့် သူမတို့က ခပ်တန်းတန်းပဲနေခဲ့ကျပြီး ဒီမနက်မှာဆိုရင် ကျားယန်ကိုနိုးဖို့ သူမတို့စိတ်ပါမနေခဲ့ပါဘူး။

အဲဒါကြောင့် သူမတို့ဘာသာထပြီး အပင်တွေရေလောင်းတာနေခဲ့ကျကာ သူမတို့က ကြက်တွေကိုပါ အစာကျွေးထားချင်ခဲ့ကျတာ ဖြစ်သည်။ ဒါပေမယ့် ကြက်စာက ဘယ်နားရှိမှန်းမသိဖြစ်နေပြီး သခင်တွေခွင့်မပြုဘဲ ဘာမှလည်း မလုပ်ရဲတာကြောင့် ခြံထဲက အပင်တွေရေလောင်းပြီးနောက် အမှိုက်တွေရှင်းဖို့ စဥ်းစားနေခဲ့ကျပေမယ့် ဟိုကတုံးနဲ့ကောင်က သူမတို့ရဲ့အလုပ်ကို လာလုယူသွားခဲ့ပေသည်။ သူမတို့ ဒီအတွက် တိုးတိုးတိတ်တိတ်နဲ့ စကားတောင်များလိုက်ကျရပါသေးတယ်။

အဲဒီနောက် သူမတို့သခင်နိုးလာ၍ သူမတို့က ထိုကတုံးကောင်ကို လွတ်ပေးလိုက်ပြီး သူမတို့သခင်ထံအပြေးသွားခါဖြင့်...

"သခင် နိုးလာပါပြီလား ဒီအစေခံတွေက မျက်နှာသစ်ဖို့ရေယူပေးပါ့မယ်"

ရှောင်ဟန်က ဒါကိုကြားတော့ မလိုအပ်ကြောင်း ငြင်းလိုက်ပေသည်။ သူ့အတွက် တကယ် မလိုအပ်လို့ ငြင်းလိုက်တာပေမယ့် ထိုမိန်းမငယ်လေးနှစ်ယောက်ကတော့ အလွန်တတ်ကြွနေသဖြင့် သူတို့က ရှောင်ဟန်အတွက် လုပ်ပေးခဲ့ကျပြီး နောက်တော့ ရှင်းလုက မဝံ့မရဲနှင့်မေးလာခဲ့၏။

"သခင်.. ဒီအစေခံတို့က ခြံထဲမှာ အရမ်းမွှေးတဲ့ စံပါယ်ပန်းပင်တစ်ပင်ကို တွေ့ခဲ့တယ် သခင်ငယ်လေးတွေအတွက် အနံ့မွှေးတဲ့ မျက်နှာသစ်ရည်လုပ်ပေးဖို့ အပွင့်တချို့လောက် ခူးလို့ရမလားဟင်"

ရှောင်ဟန်က ဒါကိုကြားတော့ ဒါကသူ့သားတွေအတွက်တွေဆိုတော့ ခွင့်မပြုနိုင်စရာမရှိသဖြင့်...

"ရပါတယ် ဒါပေမယ့် အရမ်းအများကြီးမသုံးနဲ့နော်"

သူတို့အိမ်က ဒီပန်းရဲ့အနံ့လေးနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဆိုတော့ ပန်းပွင့်တွေ လုံးဝပျက်သွားမှာကိုတော့ ရှောင်ဟန်ကမလိုလားခဲ့ပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now