"ဘာတွေပဲမွှေမွှေ သူတို့လေးတွေရှိလို့ တို့ရပ်ကွက် အသက်ဝင်နေတာပါအေ"

"ဟုတ်တယ် တစ်ရပ်ကွက်လုံးရဲ့ အမွှေစိန်လေးတွေ...တစ်ရက်လောက် မုန့်လုပ်ကျွေးပါအုံးမယ်"

မအေးကတော့ သူ့ညီမအားကြည့်ကာ ပြုံးနေပြီး အတွေးထဲတွင်တော့ ထိုအမွှေစိန်လေးများ ဘယ်သူ့ကိုမွှေလာလဲ သိချင်နေမိသည်။

အလင်္ကာတို့ ပြေးရင်းလွှားရင်းဖြင့် အနောက်၆လမ်းထိပ်ရှိ ကမ်းနားလမ်းသို့ပင် ရောက်ရှိလာခဲ့ကြသည်။ ရေပြင်ကျယ်ကို ဖြတ်တိုက်လာသော လေအေးတို့က နေပူပူထဲ ပြေးလွှားလာခဲ့ကြသော သူမတို့အား အေးချမ်းစေသည်။ သူတို့အားလုံး ကမ်းနားရှိ သစ်ပင်ကြီးများ၏ အောက်တွင်ရှိသော ခုံတန်းတစ်ခုတွင် ၀င်ထိုင်ကာ အမောဖြေနေလိုက်ကြသည်။ ခုံတန်းရှည်က ခြောက်ယောက်ထိုင်ဖို့ မဆန့်သည်ကြောင့် မိန်းကလေးသုံးယောက်က ခုံတန်းတွင် ၀င်ထိုင်လိုက်ပြီး ယောက်ကျားလေးသုံးယောက်ကတော့ ကွန်ကရစ်ကြမ်းပြင်ပေါ် ထိုင်ချလိုက်တော့သည်။ ခြောက်ယောက်လုံး အမောတကော ပြေးလာကြသည်ကြောင့် ယခုတွင် ဟောဟဲလိုက်နေကြတော့သည်။ ရွှေစင်က အသက်ကို ခပ်မြန်မြန်ရှုနေရသည့် လေသံဖြင့် ကျန်လူများအားကြည့်ကာ

"ပျော်စရာကြီး နောက်လည်း ထပ်ပြေးရအောင်"

"ဘာကိုပြေးအုံးမလို့လဲ...စာမေးပွဲကြီးက အနားကပ်နေပြီလေ ရွှေစင်ရ"

အိနြေ္ဒအပြောကို အလင်္ကာ ထောက်ခံသည့်အားဖြင့် ခေါင်းတဆက်ဆက်ညိတ်ကာ ပြောလာသည်။

"ဟုတ်တယ် ပြေးချင်ရင် နင့်ဟာနင်ပြေး...ငါတော့ မလိုက်တော့ဘူး... အခုတောင် အိမ်ရောက်ရင် ဆော်ပလော်တီးခံရမလား မသိဘူး"

"ဟားဟား နင့်အတွက် ၀မ်းသာပါတယ် အလင်္ကာ"

ဆူပုတ်ပုတ်ဖြစ်နေသော အလင်္ကာအားကြည့်ကာ မဟာက လက်ခုပ်လက်ဝါးတီးကာ ၀မ်းသာကြောင်းပြောသည်။

"ငါလည်း နင့်အတွက် ဂုဏ်ယူပါတယ် အလင်္ကာ"

ဟိန်းလင်းလျာကပါ ပြုံးစိစိဖြင့် ၀င်ပြောသည်။ အလင်္ကာ ထိုနှစ်ယောက်အား မျက်စောင်းရွယ်ကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now