အစေခံများ

Start from the beginning
                                    

သူမတို့က အိမ်တော်ကြီးက အစေခံဘဝကနေ သခင်မလေးရဲ့ဒေါသကြောင့် နေ့ချင်းညချင်း အရောင်းခံလိုက်ရ၍ သူမတို့တော့ ဘယ်လိုမှ ကောင်းမွန်တဲ့ဘဝကို မရနိူင်တော့ဘူးလို့ တွေးနေခဲ့ကျတုန်းမှာပဲ ပိုင်လီ သူမတို့ကို ဝယ်သွားခဲ့တာဖြစ်ပြီး သူမတို့က ဒီသခင်အသစ်က ဘယ်လိုလူမျိုးဖြစ်လဲမလို့ အနည်းငယ် စိုးရိမ်နေခဲ့ကျသည်။ ဒါပေမယ့် သခင်ငယ်လေးတွေရဲ့ အစေခံတွေ ဖြစ်လာမယ်လို့ကြားလိုက်ရတဲ့အခါ မျှော်လင့်ချက်လေးတွေနဲ့ ပြန်တတ်ကြွလာခဲ့ကျပါတယ်။

အိမ်တော်ကြီး မဟုတ်တော့ရင်တောင်မှ အပျော်ဂေဟာတွေ၊ ရှုပ်ထွေးတဲ့ အိမ်တော်ရဲ့ အနောက်ဆောင်လိုနေရာတွေကို ရောက်မသွားသ၍ သူမတို့အတွက်တော့ ကံကောင်းမှုပဲဖြစ်ပြီး ဒါကြောင့် သူတို့က ဒီသခင်အသစ်တွေနဲ့ အသားကျဖို့ အလျှင်မြန်ကြိုးစားရလိမ့်မယ်။

ပိုင်လီက လက်ဖက်ရည်အိုးသွားလဲခွင့်ပြုလိုက်ပေမယ့် ငှဲ့ပေးတာကိုတော့လက်မခံခဲ့ပေ။ သူကသူ့ဘာသာငှဲ့ရင်းနဲ့...

"အဲတစ်ယောက်က ဆံပင်တိုတိုနဲ့ လူငယ်တစ်ယောက်လား"

ပိုင်မိသားစုများဆိုလျှင် သူ့ကိုအော်ခေါ်နေလောက်ပြီဖြစ်၍ ပိုင်လီကတော့ ဟိုကောင်လေးပဲဖြစ်မည်ဟုထင်နေသည်။ ထင်တဲ့အတိုင်းပင် ကျူးလင်ပြန်​ဖြေလာတာက...

"အဲတာက...ဆံပင်တိုတော့မဟုတ်ပါဘူး သူ့မှာဆံပင်မပါပါဘူး သူကခေါင်းရိတ်ထားပါတယ်"

ဒါကိုကြားတော့ ပိုင်လီမှာ ခဏလောက် ရပ်တန့်သွားသော်လည်း သူက လက်ကာပြပြီးပြောလိုက်လေသည်။

"သူ့ကို ဒီနေ့နားလိုက်တော့လို့ ပြောလိုက် "

ပိုင်လီမှာ ဒီကလေးမများက လှည်းပေါ်၌ ထိုကောင်လေး၏အနံ့ကြောင့် အန်တောင်အန်လာကျသော်လည်း အခုမမှတ်မိကျတော့သည့်အပေါ် အနည်းငယ်ရယ်ချင်နေခဲ့ပေသည်။

ဒါပေမယ့် သူကမရယ်ခဲ့ပါဘူး။ နောက်တော့ သူမတို့လေးယောက်ကိုလည်း တခြားအခန်းတစ်ခုယူပြီးနားကျဖို့ပြောလိုက်တာကြောင့် အခန်းထဲမှာ သူတို့တွေချည်းကျန်တော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now