အစေခံများ

Start from the beginning
                                    

အဲဒီနောက် ပိုင်လီက ဝယ်လာတဲ့မိန်းကလေးတွေကိုနာမည်ပေးဖို့ကိစ္စကိုလည်း ရှောင်ဟန်ကိုသာ လွဲပေးလိုက်ပြီး သူက ဘေးဖယ်နေလိုက်ပါတယ်။ အခုမှ မဟုတ်ဘူး။ သူက နောက်ပိုင်း ဒီမိန်းကလေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကိုလည်း သူ့ဇနီးလေးကိုသာ ဆုံးဖြတ်ခိုင်းမှာဖြစ်ပြီး ဒါက သူ့ဇနီးလေး သူ့ကိုအမြင်စောင်းမှာ နည်းနည်းမှမလိုချင်ပါပဲ။

ကျွန်တွေတွင် နာမည်အတည်တကျမရှိပေ။ သူတို့ကိုဝယ်လာပြီးရင် သခင်က နာမည်အသစ်ပေးလေ့ရှိကျပေမယ့် ဒီတာဝန်ကို ယူလိုက်ရတဲ့ ရှောင်ဟန်ကတော့ သူတို့ရဲ့ အရင်ကနာမည်တွေအတိုင်းပဲ ဆက်ထားခွင့်ပြုလိုက်တာကြောင့် မိန်းမငယ်လေး နှစ်ယောက်ရဲ့နာမည်တွေက ရှင်းလုနဲ့ကျုးလင် ပဲဆက်ဖြစ်နေပြီး တခြားနှစ်ယောက်ရဲ့နာမည်တွေကလည်း သူတို့ရဲ့အရင်သခင် ပေးထားတဲ့အတိုင်း ရှီထုံနဲ့ ကျားယန် ပဲဆက်ဖြစ်နေခဲ့လေသည်။

နာမည်ကိစ္စပြီးသွားတော့ အခန်းက အနည်းငယ်တိတ်ဆိတ်သွားပေမယ့် ပိုင်လီက လက်ဖက်ရည်ငှဲ့နေရင်း ကုန်သွားတာဖြစ်သွားတော့ ရှင်းလုနဲ့ကျူးလင်က အလျှင်မြန် ခွင့်တောင်းလာခဲ့ပြီး လက်ဖက်ရည်သွားဖြည့်ပေးခဲ့သဖြင့် ပိုင်မိန်က သူမအစ်ကိုနား ကပ်ကာ ခပ်တိုးတိုးပြောလာခဲ့သည်။

"ဒုတိယအစ်ကို အစ်ကိုထင်တာ မှန်မယ်ထင်တယ် အဲဒီမိန်းကလေးတွေက အလိုက်သိပြီး အကင်းပါးတယ် သူတို့က အသေးလေးတွေကို ကောင်းကောင်းဂရုစိုက်ပေးနိုင်လောက်မှာ "

ပိုင်လီက သူ့ညီမငယ်လေး၏ ခေါင်းလေးကို ပုတ်လိုက်ပြီး တစ်ခုခုပြောဖို့ ပြင်ချိန်တွင် ရှင်းလုနှင့်ကျူးလင်တို့ပြန်ရောက်လာခဲ့ပြီး ပြောလာခဲ့သည်။

"သခင်ကြီးနဲ့သခင် အပြင်မှာလူတစ်ယောက်က တံခါးခေါက်ဖို့ လုပ်နေတာကို ဒီအစေတို့တွေ့ခဲ့ပါတယ် "

ရှင်းလုနှင့်ကျူးလင်သည် အစက အလွန်သတိထားနေခဲ့သည်။ တကယ်တော့ သူတို့က ရုတ်တရက်ကြီး အိမ်တော်ကနေ ကန်ထုတ်ခံလိုက်ရတာပါ။ အဲတာကလည်း အထွေထူးကိစ္စကြောင့်မဟုတ်ဘဲ သူတို့သခင်မလေးရဲ့ဆံပင်ကို ပြင်ပေးနေချိန်မှာ ရှုပ်ထွေးတဲ့ဆံထိုးကြောင့် ဆံပင်အနည်းငယ်နဲ့ ညှိသွားခဲ့လို့ သူတို့သခင်မလေးက ဒေါသထွက်ပြီး သူတို့ကို မကောင်းတဲ့နေရာမှာ ရောင်းခိုင်းလိုက်တာတဲ့လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now