"မောင်"
"နုလေး"
"မောင် ညကြီးမင်းကြီး အပြင်မှာ ဘာထွက်လုပ်နေတာလဲ....အင်္ကျီလည်း မပါဘူး...ပြီးတော့ တစ်ကိုယ်လုံးချွေးတွေရွှဲနေပါလား"
"မောင်...အိပ်မက်မက်ရင်း နိုးလာလို့ ရေထသောက်တာ..နုလေးရဲ့"
"ဟုတ်လား....နုရော...အခုတရေးနိုးလာလို့ ရေထသောက်တာ မောင်ရဲ့.....မောင် အပြင်မှာ ဘာကြောင်ပြီးရပ်ကြည့်နေတာလဲ.....ဝင်လေ...မောင်.....ချွေးစိုကြီးနဲ့ပြန်အိပ်မပျော်သွားနဲ့အုံး....နေမကောင်းဖြစ်နေအုံးမယ်...ချွေးသုတ်ပြီးမှ အိပ်နော်"
"ဪ....အင်း.....အင်း"
နုငယ် အခန်းတံခါးဖွင့်လိုက်တော့ ကိုသက်ငြိမ်နဲ့ တံခါးပေါက်အဝင်ဝမှာဆုံသည်။
အင်္ကျီလည်း မပါ၊ အပေါ်ပိုင်းဗလာနဲ့ ချွေးတွေစိုနေသည်။
သူက အင်္ကျီချွတ်ပြီး အိပ်တတ်သူလည်း မဟုတ်။
မောင် ဘာဖြစ်တာပါလိမ့်။
သူမ ပဲ စိတ်ထဲထင်နေလား။
သူကိုယ်နှိုက်က တကယ်ဖြစ်နေတာလား။
အနည်းငယ် မောပန်းနေသလို။
မျက်နှာကလည်း အနည်းငယ်ထိတ်လန့်နေသလို။
အင်း....သူမလိုပဲ..မောင်လည်း အိပ်မက်မကောင်းလို့နေမှာပေါ့လေ။
နုငယ်ထမင်းစားခန်းဆီကိုသာ ထွက်သွားလိုက်တော့သည်။
တော်ပါသေးရဲ့။
လက်မတင်လေး။
နုငယ်သာ (၅)မိနစ်လောက် စောပြီးထွက်လာခဲ့ပါလျှင် အခြေအနေတွေက တမျိုးတဖုံပြောင်းလဲသွားမလား။
ကိုသက်ငြိမ် ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်နှင့် ထိုင်နေသည်။
ခဏက ဖြစ်ပျက်ခဲ့ရာအကြောင်းအရာတွေကို စလယ်ဆုံး ပြန်တွေးတောနေမိသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်တုန်းက အပေါ်ထပ်မှာ သူနဲ့ ရတီ တဝကြီးချစ်တင်းနှောနေကြသည်။
တစ်ယောက်လိုအင်ဆန္ဒကို တစ်ယောက်က ပိုပိုနားလည်လာသော ကာမပန်းတိုင်ကို တက်ညီလက်ညီ ဆင်နွှဲကြခဲ့သည်။