နုငယ် အိမ်ပြန်ရောက်ပြီ။
ကားအဆင်ပြေသွားတော့ ကျန်တဲ့ ကိစ္စတွေပါ အဆင်ပြေပြေနဲ့ပြီးသွားခဲ့ပြီ။
နယ်က အမေနဲ့ပြန်တွေ့ပြီး အလွမ်းအဝသယ်၊ လုပ်စရာကိစ္စတွေပြီးသွားတဲ့ အချိန်မှာတော့ နုငယ် ရန်ကုန်သို့ပြန်လာခဲ့သည်။
"မေမေ၊ သမီးအတွက် မုန့်ပါရဲ့လား"
"ပါတာပေါ့ မေမေ့သမီးအတွက်....ရော့..ဒါတွေက သမီးဘွားဘွားက သမီးအတွက် ထည့်ပေးလိုက်တာ"
"ဟေး.....ဒါမှ တို့မေမေကွ....ချစ်တယ်....မေမေ....မွ........မွ"
ရတီ က ကလေးလေးလို ခုန်ပေါက်ပျော်ရွှင်နေသည်။
ဒီနှစ်ဆို သူမ နိုဝင်ဘာလဆို အသက်(၁၇)နှစ်နှစ်ပြည့်တော့မည်။
ရတီဝေ က ကြီးကောင်ဝင်လာလေလေ နုငယ်ငယ်ငယ်တုန်းကနဲ့ ပိုပိုတူလာလေလေပင်။
အရပ် ၅ပေ၃နီးပါး၊ ပိန်ပိန်ပါးပါး၊ ဖြူဖြူလေးနဲ့၊ ဆံပင်အဖြောင့်လေးနဲ့ တကယ်ကို တက်ကြွနေသည့် အရွယ်လေးပင်။
နုငယ် သမီးလေးကို ပေးစရာရှိတာ ပေးပြီး သူမ အိပ်ခန်းထဲ ဝင်လာလိုက်သည်။
သူမနဲ့ သမီးလေးက ငယ်ငယ်ကတည်းကအတိုင်း အခန်းခွဲအိပ်သည်။
သူမက အောက်ထပ်မှာ အိပ်ပြီး သမီးက အပေါ်ထပ်တွင် အိပ်သည်။
နုငယ် အခုမှ ခရီးစဉ်အစကို ပြနါတွေးနေမိသည်။
ကံသီသဖြင့် ဘာမှ ဆိုးဆိုးရွားရွားမကြုံခဲ့ရခြင်းဖြစ်သည်။
ထိုကိစ္စကိုလည်း သူ့အမေနဲ့ သမီးကို သူမ ထုတ်မပြောခဲ့။
စိတ်ပူနေမှာစိုးလို့ဖြစ်သည်။
"ကိုသက်ငြိမ်" လို လူမျိုးနှင့် ကြုံခဲ့၍သာတော်တော့သည်။
လူရမ်းကားတယောက်ယောက်နဲ့ ကြုံခဲ့ပါက သူမ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သူမ မတွေးဝံ့။
နောက်နှစ်ရက်လောက်ကြမှပဲ သူ့ကားဝပ်ရှော့ဆီ သူမလိုက်သွားပြီး လက်ဆောင်လိုက်ပေးတော့မည်။
နုငယ် ဒီနေ့ "ကိုသက်ငြိမ်" ၏ ကားဝပ်ရှော့ကို သွားမလို့အလှပြင်နေသည်။