နုငယ် နဲ့ စည်သူက တကယ်တော့ ရည်စားဦး၊ အချစ်ဦးတွေ။
နုငယ်နဲ့ စည်သူတို့ စတင်တွေ့ဆုံတာက ရန်ကုန် စီးပွါးရေးတက္ကသိုလ်မှာပင်။
သူမတို့နှစ်ယောက်စလုံးက မတူတဲ့ နယ်မြို့အသီးသီးကနေ ရန်ကုန်မြို့ရှိ စီးပွါးရေးတက္ကသိုလ်ဆီ ကျောင်းလာတက်ရမှ တွေ့ဆုံမိခြင်း ဖြစ်သည်။
နုငယ်က ပိုက်ဆံရှိသော အသိုင်းအဝိုင်းမှ မွေးဖွားလာခြင်း ဖြစ်သည်။
တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် မိဘရှိရင်းစွဲအလုပ်က ပိုးထည်ချည်ထည်တိုက် ဆိုတော့ တော်တော့ကို လူတန်းစေ့နေနိုင်သည်။
မိဘက ငယ်ငယ်ကတည်းက ချုပ်ချယ်တတ်သဖြင့် အခုလို တနယ်တကျေးမှာ ကျောင်းတက်ရမှ လွတ်လွတ်လပ်လပ် လူငယ်ဘဝ ကို ခံစားရသည်။
နုငယ်က အချောအလှပေါသော စီးပွါးရေးက္ကသိုလ်မှာ Queen ရလောက်သည်အထိ မကျော်ကြားသော်လည်း သူ့ဟာနဲ့သူ ပိုးပန်းတဲ့သူတွေကတာ့ ပေါလှသည်။
အထည်တိုက်ပိုင်ရှင်သမီးဆိုတော့ တနေ့တနေ့ မြန်မာဝတ်စုံလှလှလေးတွေနဲ့ မရိုးရအောင် ဝတ်သည်။
ဒီလောက်များပြားလှသော ယောကျ်ားတွေ အများကြီးရှိသော်လည်း မျက်စိလည် လမ်းမှားပြီး စည်သူကိုသာ အဖြေပေးမိခဲ့သည်။
စည်သူက အခုလို အရက်သောက်တတ်ဖို့ ဝေးစွ။
ရိုးရိုးအေးအေး သန့်သန့်ပြန်ပြန့်လူရိုးလေး တစ်ဦးပင်။
အဖေ ဆုံးသွားပြီး မိခင်တယောက်နဲ့ကြီးပြင်းခဲ့ရသော စည်သူ၏ လူနေမှုအဆင့်အတန်းမှာ ပြေလည်ရုံသာရှိသည်။
တက္ကသိုလ်တက်တော့လည်း ရန်ကုန်ရှိ သူ့အမေ ညီမ သူ့အဒေါ်အိမ်ကနေ တက်နေရခြင်း ဖြစ်သည်။
နှစ်ယောက်သား ရည်းစားဦး တွေဆိုတော့ ချစ်လိုက်ကြသည်မှာ မိုးမမြင်၊ လေမမြင်။
တကျောင်းလုံးကတောင် မျက်စိနောက်ရလောက်တဲ့အထိပင်။
First year နှစ်ဝက်လောက်ကတည်းက ချစ်သူရည်းစားဖြစ်နေကြသည်။
နုငယ်အတွက် သူစိမ်းယောကျ်ား၏ နမ်းရှုံ့ပွေ့ဖက်ခြင်းခံရသည်မှာ စည်သူနှင့်စတွေ့ကာမှ သိရှိသည်။