နေ့လည်(၁၁)နာရီကျော်...ရန်ကုန်မင်္ဂလာဒုံလေဆိပ်
"ဟေး......နုလေး....ဒီမှာ....ဒီမှာ"
ကိုသက်ငြိမ် နုငယ်ကို လက်လှမ်းပြလိုက်သည်။
မနက်က ကိုသက်ငြိမ်အဖို့ သည်းထိတ်ရင်ဖိုဖြစ်ရပ်အပြီး ရေမိုးချိုးလိုက်ပြီး တစ်ပါတည်း လေဆိပ်ကို ထွက်လာခဲ့လိုက်သည်။
ဝပ်ရှော့က တပည့်ကျော်တွေဆီ နေ့လည်မှ လာမည်ဟု ဖုန်းဆက်ထားနှင့်လိုက်သည်။
နုငယ် ပြန်လာမှာဆိုတော့ အခန်းထဲ သူမ သံသယမဝင်အောင် ကြိုတင်ပြင်ဆင်ရပြန်သေးသည်။
ရတီ နဲ့တဝကြီးဒီကုတင်ပေါ်ကြီးမှာ လိုးခဲ့ကြတော့ ဒီကုတင်ပေါ် ရတီကိုယ်နံ့လေးတွေ၊ ဆံပင်စလေးကျန်ရစ်ခဲ့မည်မှာ မလွှဲဧကန်။
ထိုကြောင့် ခေါင်းအုံးစွပ်၊ အိပ်ယာစွပ်တွေကို အကုန် ဖယ်ရှားပြီး အဝတ်လျှော်စက်ထဲထည့်ကာ အသစ်ပြန်လဲလိုက်ရသည်။
ကြီးမေကိုတော့ ခပ်တည်တည်နဲ့ နုငယ်ပြန်လာမှာမို့လို့ လဲထားလိုက်သည်ဟု လိမ်ထားလိုက်သည်။
သူ့လုပ်ရပ်တွေက အရမ်းပိရိလွန်းနေသလိုပင်။
အတွေ့အကြုံရှိသောသူတစ်ဦးလို။
သို့သော်လည်း ဖောက်ပြန်ခြင်းနဲ့ သူနဲ့က ပထမတွေ့ဆုံခြင်းပင်။
ဆုံးပါးသွားပြီဖြစ်တဲ့ အရင်ဇနီး လွင်မာနှင်း ကုတင်ပေါ်မှာ (၂)နှစ်ကျော်နီးပါး လဲနေခဲ့သည့် အချိန်တုန်းကတောင် သူ မဖောက်ပြားဖြစ်ခဲ့ပေ။
သန်တုန်းမြန်တုန်းယောကျ်ားသားလေ။
လိင်စိတ်ဆိုတာ အမြဲရှိနေသည်ပေါ့။
သို့သော်လည်း အရမ်းထကြွလာလျှင် အောကားကြည့်၊ ဂွင်းထုလိုက်ပြီး ကိစ္စရှင်းလိုက်တာပင်။
အခုက ရမ္မက်ဇောနှင့်မျောပြီး ကာမဂုဏ်အာရုံကို တဝကြီးခံစားနေမိတော့သည်။
"မောင်...လာကြိုတာလား"
အနားနား နုငယ်လာပြောမှ သူအသိစိတ်ပြန်ကပ်မိတော့သည်။
နုငယ်ကတော့ ထုံးစံအတိုင်း အမြဲလှပနေတော့သည်။
နုငယ်၏ လှိုင်းတွန့်ဆံပင်တွေကို သူမ ဖာသာ ခပ်မြင့်မြင့်ပိုနီတေးလေး စည်းနှောင်ထားသည်။