အပိုင်း(၂၆)

3.3K 9 0
                                    

ဒီနေ့က ရတီတို့ ကျောင်းသားဘဝရဲ့ နောက်ဆုံးနေ့။

ဒီနေ့ပြီးလျှင် Private study (၃)ပတ်ပေးကာ လကုန်ကျ စာမေးပွဲ ဖြေရမည် ဖြစ်သည်။

ရတီတို့ ကျောင်းယူနီဖောင်းက ရှပ်အင်္ကျီအသားရောင်ဖျော့ဖျော့နဲ့ အောက်က ဘောင်းဘီ အမည်းရောင်၊ အပြင်ကုတ်အင်္ကျီကို နီညိုရောင်နှင့် ပနံသင့်အောင် ဆင်ပေးထားသည်။

သို့သော် ကုတ်အင်္ကျီကို နွေရာသီလို ရာသီဥတုမျိုး၊ ပူတဲ့နေ့မျိုး မဝတ်လည်းရသည်ဟု ပြောထားသည်။

ကျောင်းဆင်းပွဲနေ့ဆိုတော့ ဆရာ၊ ဆရာမတွေက အပေါ်က ဝတ်နေကျ ကုတ်အင်္ကျီ ယူလာဖို့ မှာခဲ့သည်။

ရေလောင်းကြမည် ဆိုတော့ လုံခြုံအောင် ယူလာခိုင်းသည်နှင့်တူသည်။

သို့သော် ရတီဒီနေ့ အိပ်ယာထနောက်ကျပြီး လောလောနဲ့ ထွက်ခဲ့တော့မေ့ကျန်ခဲ့သည်။

ကျောင်းရောက်တော့ ဆရာ၊ ဆရာမတွေက မှာစရာရှိတာမှာပြီး ကျောင်းဆင်းပွဲလုပ်ပေးလိုက်ကြသည်။

သူမ ကို ပထမဆုံး ရေလာလောင်တဲ့သူကတော့ ကောင်းသန့်ပင်။

သူမ ထိုင်နေရင်း နောက်ကျောအေးခနဲ့ဖြစ်သွားသဖြင့် လှည့်ကြည့်လိုက်တော့ ကောင်းသန့် ဖြစ်နေသည်။

ဖြစ်ချင်တော့ သူမ ဒီနေ့အတွင်းခံကို ပန်းရောင်ဘရာဇီယာ ဝတ်ခဲ့သည်။

ရှပ်အင်္ကျီအသားရောင် က ရေထိပြီး သူမ အသားတွေကို ကပ်ကာ အတွင်းခံ ဘရာဇီယာရေးရေးလေး မြင်နေသည်။

"အမေ့...."

"ရတီ....ငါလောင်းလိုက်လိုက်တာ"

"ကောင်စုတ်...ငါအခုစိုကုန်ပြီ......ဟယ်...ငါမှာ့ အဝတ်ပိုမပါဘူး"

ကောင်းသန့် ရေစိုပြီး ဝင်းလက်သည့် အလှတရားတွေရှိနေသည့် သူမခန္ဓာကိုယ်ကို မျက်တောင်မခတ်ကြည့်နေသည်။

"ဟဲ့....ဘာကြည့်နေသည်....နင်နော်....ငါသိနေတယ်"

"ငါပြောပြီးသား.....ဟိုကိစ္စတွေကို စာမေးပွဲပြီးမှ ငါပြန်စဉ်းစားမယ်ဆိုပြီး"

"အေးပါဟာ..နင်ကလည်း...နင်ပြောတဲ့ပုံစံက ငါက နှာဘူးကြီးကျနေတာပဲ"

ငယ်သူမို့Where stories live. Discover now