အပိုင်း(၃၃)

3.5K 10 0
                                    

စာမေးပွဲနောက်ဆုံးရက်

"ဟယ်လို မေမေလား"

"အင်း....သမီးလေး"

"မေမေ ခဏကြာသမီးကို လာကြိုပေးတော့"

"ဟောတော့.....ဘယ်လိုရတာတုံး...သမီးပဲ အစက ညနေ(၃)နာရီ လာကြိုဆို"

"မသိဘူး...မေမေရာ....သမီးပြန်ပြီး နားချင်ပြီ"

"အေးပါ....အေးပါ....ခဏကြာကားလွှတ်လိုက်မယ်နော် သမီး"

နုငယ် ဖုန်းချလိုက်ပြီးနောက် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။

ရတီက အစကတည်း သူတို့သူငယ်ချင်း ခရိုနီသူဌေးသား "Tony" အိမ်မှာ လုပ်သည့် Home party ပွဲမှာ သွားဖို့ခွင့်တောင်းထားတာ။

စာမေးပွဲဖြေပြီး စိတ်ထွက်ပေါက်အနေနဲ့ဆိုတော့ နုငယ် ကိုယ်ချင်းစာသည်။

နုငယ်လည်း Tony အဖေနဲ့ အမေကို ရင်းနှီးပြီးသားဆိုသော ယုံယုံကြည်ကြည် သွားခိုင်းလိုက်တာပင်။

ဘယ်လောက်ထိ သူမသမီးကို သူမ ခွင့်ပြုထားသလဲဆိုတာ ဘီယာတွေ၊ ဝိုက်တွေ သောက်ချင်သောက်နိုင်သည်ဟု ပြောထားပေးသည်။

အရက်တော့ အသက်(၁၈)နှစ်ပြည့်မှ သောက်လို့ရမည်ဟု ဆုံးမထားသည်။

ဝိုင်တွေ၊ ဘီယာတွေကို သောက်နိုင်သည်ဆိုသော်ငြား ရုပ်ပျက်ဆင်းပျက် မူးနေသည်အထိ သူမ ခွင့်မပြုထားပေ။

သူမသမီးကို သူမယုံကြည်မှုအပြည့်ပေးထားသည်။

စာမေးပွဲက နေ့လည်(၁၁)နာရီထိုး၊ လွှတ်လိုက်သည်နှင့် ကလေးတွေက တန်းသွားကြပြီး ပျော်ကြမည်။

ရတီက ညနေ(၃)နာရီ လာကြိုဟုပြောထားသည်။

နုငယ် နာရီကြည့်လိုက်တော့ အခုမှ နေ့လည်(၁)နာရီကျော်ရုံလေး။

ဒီကောင်မလေး ဘာတွေများ ဖြစ်နေပါလိမ့်။

ကြိုဖို့ လေးညိုကို ညနေ(၃)နာရီပြောထားတော့ ကျန်သော အထည်ကိစ္စတွေနဲ့ ခိုင်းထားသဖြင့် အခုလက်ရှိမအားဘူးဖြစ်နေသည်။

နောက်ဆုံးဘူတာကတော့ ကိုသက်ငြိမ်ဆီ ဆက်ရောက်လာသည်။

နုငယ် ကိုသက်ငြိမ်ဆီ ဖုန်း‌ဆက်လိုက်သည်။

ငယ်သူမို့Where stories live. Discover now