အပိုင်း (၁၃၃)

Bắt đầu từ đầu
                                    

"သေချာတာပေါ့ အဖေမယုံရင် ကြည့်လိုက်လေ"

ထို့နောက် ပိုင်လီသည် ထိုလက်နှီးစုတ်လေးကို ပြောလိုက်လေသည်။

"ဘာလုပ်နေတာလဲ မင်းနားလည်တဲ့အကြောင်း ခေါင်းငြိမ့်ပြလိုက်လေ"

ထိုအခါ ထိုကောင်လေး၏ခေါင်းမှာ အမှန်ပင် သုံးကြိမ်လောက် လုပ်ရှားသွားခဲ့သဖြင့် ပိုင်အဖေကလည်း အနည်းငယ် မျက်နှာပြေလျော့သွားခဲ့တော့၏။

အဲဒီမှာ ချောင်ရန်ကလည်း ဝင်ပြောလိုက်ပါတယ်။

"ကဲပါ ဦးလေးပိုင်ရယ် ဝယ်လာခဲ့ပြီပဲ ပြန်ရောင်းလည်း ရမှာမှမဟုတ်တော့တာ အဲတော့ ကုန်သွားတဲ့ငွေတန်အောင် အိမ်မှာမရှိရှိတာ ခိုင်းဖို့သာ ပိုင်လီကို ခေါ်သွားခွင့်ပြုလိုက်ပါတော့"

ဒါကြောင့်ပဲ ပိုင်အဖေသည် ဘာမှကိုမပြောနိုင်တော့ပဲ လက်ခံလိုက်ရတော့လေသည်။

နောက်တော့ သူတို့တွေ တည်းခိုအိမ်ကို ပြန်လာခဲ့ကျပါတယ်။

ပိုင်လီက မိန်းကလေးတွေကို သူ့မိသားစုက ကောတွေနဲ့တွေ့ဖို့ တစ်ခါတည်း ခေါ်သွားပေးခဲ့ပေမယ့် ဟိုကောင်လေးကိုတော့ အရင်ဆုံး ရေချိုးပြီး အဝတ်စားလဲခိုင်းပြီးမှပဲ တွေ့ပေးနိုင်လိမ့်မယ်။ မဟုတ်လို့ သူ့အိမ်က ကောငယ်လေးတွေ လန့်သွားရင် ဘယ်လုပ်ကျမလဲ။

ဒါကြောင့် သူက ရှောင်ဟန်ရယ် ကလေးတွေရယ်က ပိုင်မိန်အခန်းထဲမှာ ရှိနေကျ၍ မိန်းကလေးတွေကို ထိုအခန်းထဲ အရင်လွှတ်လိုက်ပြီး အနံ့ထွက်နေသည့် လူကိုမူ တခြားအခန်းထဲသို့ ခေါ်သွားခဲ့လေသည်။

ပိုင်လီက အခန်းထဲရောက်တာနဲ့ ထိုကောင်လေးကိုအဝတ်တစ်စုံပစ်ပေးလိုက်ပြီး...

"မင်း မြန်မြန် ရေချိုးလိုက်ပါတော့ ဘေးကလူတွေကိုအနံ့နဲ့သတ်နေသလိုပဲ ပြီးတော့ မင်းရဲ့ဆံပင်တွေလည်း ညှပ်ပြစ်လိုက်တော့ ဖီးလို့ရမှာလည်းမဟုတ်တော့ဘူး"

ခေတ်သစ်က လူတစ်ယောက်အနေနှင့် ပိုင်လီသည် ဆံပင်ညှပ်ခြင်းအပေါ် သိပ်အလေးမထားခဲ့ပေ။ ဆံပင်ဆိုတာ ပြန်ရှည်လာဦးမှာပဲလေ။

အနံ့ကိစ္စကတော့ ပိုင်လီက တကယ်ကိုပြောမနေချင်တော့ဘူး။ သူက တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောချင်တာတောင် နှာခေါင်းကို လက်နဲ့အုပ်ထားရတဲ့ထိပဲလေ။ တည်းခိုအိမ်ကို ပြန်လာတဲ့လမ်းမှာဆိုရင်လည်း လှည်းပေါ်ကလူတွေအားလုံးက ဒီအနံ့ကြောင့်စကားပြောဖို့မပြောနဲ့ အသက်တောင် ဝဝမရှူကြည့်ရဲကျဘူး။ ဟိုမိန်းမငယ်နှစ်ယောက်ဆို အန်တောင်အန်လာကျသေးတယ်လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝNơi câu chuyện tồn tại. Hãy khám phá bây giờ