🍁Part 44🍁

Começar do início
                                    

ခွန်းဆက် လက်သီးတို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မကြားချင်သော ဒီစကားကို လူတိုင်းက ဘာလို့ သူ့အားလာပြောနေကြသည်လဲ။ ဘယ်လိုပဲဖြစ်နေပါစေ မာန့်အား ကွာရှင်းပေးဖို့ စိတ်ကူး ခွန်းဆက်တွင် ဆံခြည်မျှင်တစ်ဝက်စာမျှလောက်တောင် ရှိမနေခဲ့ပေ။ ခွန်းဆက် အသံကို ထိန်းကာ သော်တာ့အားပြောလိုက်သည်။

"အစ်ကို ကျွန်တော်မေးတာကိုပဲ ဖြေပေးပါ"

သူ့စကား လျစ်လျူရှုလိုက်သော ခွန်းဆက်ကြောင့် သော်တာ စိတ်တို့ မထိန်းနိုင်တော့ချေ။ မနက်က တွေ့ခဲ့ရသော မာန့်ပုံစံကို ပြန်တွေးမိတိုင်း ဖြစ်ခဲ့သမျှအတွက် ဒီလူသားတွင် ဘာအပြစ်မှမရှိသော်လည်း ဒေါသတို့ထွက်မိရသည်။ ဒီလူသားကြောင့်သာ မဟုတ်လျှင် မာန်ဒီလောက်ထိ တွေဝေကာ ခံစားနေရမည် မဟုတ်ပေ။

"အစ်ကို! "

"ဘာလဲ...မင်း မာန့်ကို မချစ်ဘူးမဟုတ်လား... ဘာလို့ဆွဲထားနေသေးတာလဲ...လွှတ်ပေးလိုက်တော့လေ"

"ဟင့်အင်း ကျွန်တော် မာန့်ကို မကွာရှင်းပေးနိုင်ဘူး...လွှတ်ပေးဖို့ စိတ်ကူးလည်းမရှိဘူး"

သော်တာ့ စကားအဆုံး ခွန်းဆက်ကလည်း ပြတ်သားစွာ ဆိုလာခဲ့သည်။

"မင်း မာန့်ကို မချစ်ဘူးမဟုတ်လား...ဘာလို့ဆွဲထားပြီး မာန့်ကို နာကျင်စေရတာလဲ"

"ကျွန်တော်..."

"ဒီမှာ မာန်က မင်းတို့ကြောင့် ဘယ်လောက်ထိ ခံစားနေရအုံးမှာလဲ ဟမ်! "

"သော်တာ တော်သင့်ပြီ"

ဒေါသထွက်လာကာ အသံကျယ်လာသော သော်တာ့ကို လင်းသာက ၀င်ထိန်းသည်။ ခွန်းဆက်ကိုကြည့်မိတော့လည်း နှုတ်ခမ်းတို့က တုန်ရီနေသည်။ လင်းသာ သက်ပြင်းချမိသည်။ တကယ်တမ်း ခွန်းဆက်တွင် ဘာအပြစ်မှရှိမနေပေ။ ဘာမှမသိပါပဲ ဒီပြဿနာတွေကြားထဲ ရောယောင်ကာ ရောက်လာရပြီး နာကျင်ခံစားနေရသည်။ ဒီကလေး မာန့်အား ဘယ်လောက်တောင် စိုးရိမ်ကာ စိတ်ပူနေလည်းဆိုတာကို ခွန်းဆက် မျက်ဝန်းတို့တွင် သူအတိုင်းသား မြင်နေရသည်။ သူမြင်သလို သော်တာလည်း မြင်မှာသေချာသည်။ တစ်ဖက်တွင်လည်း သော်တာယခုလိုဖြစ်နေခြင်းကို လင်းသာ နားလည်ပါသည်။ မာန့်အတွက် မခံမရပ်နိုင်ဖြစ်နေခြင်းပင် ဖြစ်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Onde histórias criam vida. Descubra agora