"ညီ မာန့်ကိုချစ်လား"

ခွန်းဆက် သူ့အတွေးနဲ့သူ မျောနေတုန်း သော်တာ ထပ်မေးလာသည့် မေးခွန်း။ မာန့်ကိုချစ်လားတဲ့။ ဒါဟာလည်း သူ့ကိုယ်သူ ပြန်မေးနေခဲ့သည့် မေးခွန်းတစ်ခု။ ထိုမေးခွန်းအကြောင်းစဉ်းစားလိုက်တိုင်း အလင်း၏ မျက်ဝန်းတို့က သူ့အတွေးအာရုံထဲ စိုးမိုးလာမြဲ။ မာန့်ကို ချစ်နေပြီလားဟု စဉ်းစားမိတိုင်းလည်း အလင်း၏ အပြုံးနဲ့ အလင်း၏ မျက်ဝန်းပြာတို့ကသာ သူ့အတွေးထဲရောက်ရှိလာခဲ့သည်။ မာန့်ကို ချစ်သည် မချစ်သည် သူစဉ်းစားလို့ မရအောင်ကို အလင်းက သူ့အုံးနှောက်ထဲ နေရာယူလာတက်သည်။ ထိုအချိန်မျိုးတွင် အလင်းနဲ့ မာန်ကို ခွန်းဆက် ဝေခွဲမရတော့။  မျက်ဝန်းပြာလေးတွေကလည်း ထပ်တူကျသည်။ဖြူဖြူစင်စင်အပြုံးလေးတို့ကလည်း တူညီနေသည်။ တစ်ခါတစ်လေ မာန်နဲ့အလင်းကို တစ်ယောက်တည်းဟုပင် သူထင်လာတက်သည်။

"ကိုယ် သဘောပေါက်ပြီ ညီ"

ခွန်းဆက် အတွေးတွေရှုပ်ယှက်ခဲ့နေသောကြောင့် ငြိမ်နေမိစဉ် သော်တာက ခွန်းဆက်ကိုကြည့်ကာ သဘောပေါက်ပြီဟု ပြောလာခဲ့သည်။ ဘာကိုသဘောပေါက်သွားလည်းဆိုသည်ကိုတော့ ခွန်းဆက် လည်း ခန့်မှန်းမရပေ။

"သော်တာ မင်းဘာတွေမေးနေတာလဲ"

လင်းသာက သော်တာ့အနားကပ်ကာ နှစ်ကိုယ်ကြားရုံလေသံလေးဖြင့် မေးလာသည်။ သော်တာက ဘာမှမဟုတ်ဘူးဆိုသည့်ပုံစံဖြင့် ခေါင်းခါပြလိုက်ပြီးနောက် ခွန်းဆက်ဘက်လှည့်ကာ

"အခုမာန့်က မင်းနဲ့ကွာရှင်းဖို့ ပြောနေတယ်မလား...ကွာရှင်းပေးလိုက်! "

"အစ်ကို!! "

"သော်တာ!! "

ခွန်းဆက်နဲ့လင်းသာ သော်တာ့ကို အော်လိုက်မိသည်။ သော်တာပြောလာသော စကားကို လင်းသာ မသိ။ မာန်က ခွန်းဆက်ကို ကွာရှင်းဖို့ ပြောခဲ့သည်တဲ့လား။ ဘယ်တုန်းကလဲ။ ပြီးတော့ ဘာလို့လဲ။မနက်က တွေ့ခဲ့ရသည့် မာန့်ပုံစံအရ ခွန်းဆက်အား ကွာရှင်းဖို့ပြောခြင်းသည် မာန်၏စိတ်ရင်းဖြစ်ပုံမရပေ။ ခွန်းဆက် အနားတွင်ရှိတိုင်း မာန်က ပျော်နေတက်သည်။ သာမန်အချိန်များထက် ခွန်းဆက်အနားရှိချိန်တွင် မာန့်အပြုံးတို့က ဖောဖောသီသီ ဖြစ်နေတက်သည်။ ဒီလိုလူက ခွန်းဆက်အား အကြောင်းအရင်းမရှိ ကွာရှင်းဖို့ဆိုသည်မှာ လုံးလုံး မဖြစ်နိုင်ပေ။ ဒါဆို...။လင်းသာ မေးခွန်းများပါသော မျက်ဝန်းများဖြင့် သော်တာ့ကို ကြည့်လိုက်သည်။ သော်တာကတော့ ခွန်းဆက်ကိုသာ စူးစူးရဲရဲစိုက်ကြည့်နေသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Donde viven las historias. Descúbrelo ahora