ကျွန်စျေးသို့အလည်တစ်ခေါက်

Start from the beginning
                                    

"တခြားလှေတွေမှာဆိုရင် လေလံပွဲတွေထိ လုပ်ကျတာလေ"

ကျွန်တွေကို လေလံဆွဲတာတဲ့လား။ သေချာပေါက် အဲတာက အချောဆုံးအလှဆုံးကျွန်တွေသာ ဖြစ်လိမ့်မည်ပင်။

ချောင်ရန်က ပိုင်လီအား ထိုပွဲများသို့ သွားကြည့်ချင်သေးလားဟု မေးခဲ့သော်လည်း ပိုင်လီကတော့ ငြင်းခဲ့လိုက်၏။ တကယ်တော့ သူက သူ့ဇနီးကို အိမ်အလုပ်တွေ ကူလုပ်ပေးနိုင်မယ့်၊ သူ့အိမ်က ကလေးတွေကို ဂရုစိုက်ပေးနိုင်မယ့် လူတချို့ကိုပဲ လိုချင်တာဖြစ်လို့ လေလံပွဲတွေတောင်လုပ်ရတဲ့ အလှပဂေးတွေကို ကြည့်နေစရာမလိုပါဘူး။

ဒါကြောင့် ချောင်ရန်ကလည်း သူတို့ကို နောက်လှေတွေဆီ ခေါ်မသွားတော့ဘဲ ပထမလှေက အတွင်းခန်းတစ်ခုထဲကိုသာခေါ်သွား၍ ထိုထဲတွင် လူတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့လေသည်။ ထိုလူက ကျွန်ကုန်သည်တစ်ယောက်ဖြစ်ပြီး ချောင်ရန်ရဲ့ အသိတစ်ယောက်ပါပဲ။

ထိုသူသည် အနည်းငယ်ဝပြီး သူ့ကိုကြည့်ရတာ ဖော်ရွှေတတ်သည့် သူဌေးတစ်ယောက်နှင့်တူသော်လည်း သူ့မျက်လုံးတွေကတော့ အလွန်စူးရှနေခဲ့သည်။  သူက ပိုင်လီကိုတွေ့ချိန်မှာ မုဆိုးပိုင်ဆိုတာတန်းသိပြီး ရင်းရင်းနှီးနှီးပင် နှုတ်ဆက်လာခဲ့ပါတယ်။

"အိုက်ယား... မုဆိုးပိုင်ရေ.. အခုလာလိုက်တာ အရမ်းကောင်းတာပဲ အချိန်ကိုက်ပဲ ကျုပ်မှာမုဆိုးပိုင်အတွက် သင့်တော်မယ့်တချို့ တွေ့ထားတယ်လို့ပြောလို့ရတယ်!"

ဆိပ်ကမ်းမြို့မှာ ပိုင်လီက အခုမှကြွယ်ဝလာတယ်ဆိုတာ လျို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ ကျွန်စျေးကိုရောက်လာတယ်ဆိုမှတော့ ဒါက သေချာပေါက် တခြားတွေးနေစရာတောင် မလိုပါချေ။ အခုမှ ကြွယ်ဝလာခါစ အမျိုးသားတစ်ယောက်က ဘာကိုအလိုအပ်ဆုံးဖြစ်မှာတဲ့လဲ။

ထိုလူသည် နားလည်နေသည့် အပြုံးတစ်ခုဖြင့် ပိုင်လီတို့ကို အရင်ထိုင်ခိုင်း၍ သူ၏လက်ထောက်လေးအား အချက်ပြလိုက်တော့ သိပ်မကြာခင်တွင် ထိုလက်ထောက်လေးက မိန်းကလေးငယ်လေးနှစ်ယောက်ကိုခေါ်ကာ ဝင်လာတာကို သူတို့တွေ့လိုက်ရသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now