အပိုင်း ( ၃၈၄) နှစ်ယောက်ပူးပေါင်း တိုက်ကွက်

Start from the beginning
                                    

ကောင်လေးသည် လူအစစ်ကို မြင်ထား၍လားမသိပေ မြို့တာဝါအနီးတွင် ရပ်နေသည့်လူမှာ အလွန်ချောမောသည်ဟု တွေးမိသွားတော့သည်။ သူသည် ရှေးခေတ်ဘုရင်တစ်ပါးနှင့်တူပြီး ထိုနေရာတွင် မတ်မတ်ရပ်နေကာ လူတို့ကို လှပသည့်မြင်ကွင်းတစ်ခုကို ပေးစွမ်းနေ၏။

သို့သော် တိုတောင်းလှသည့် စက္ကန့်အနည်းအတွင်းတွင် ကောင်လေးသည် သေးသွယ်လှသည့် လက်ချောင်းပိုင်ရှင်လူငယ်လေးက စခရင်ပေါ်တွင် သူ့လက်ချောင်းများကို လျင်လျင်မြန်မြန် ရွေ့လျားနေသည်ကို ကြည့်နေမိတော့သည်။

သူသည် ကြည့်နေရင်း မူလက defense towerအောင်တွင် ရပ်နေသည့်လူက သူ့အနက်ရောင်အင်္ကျီလက်ကို ရုတ်ခနဲဝေ့ယမ်းလိုက်ပြီး ဓားရှည်ဖြင့် လူတစ်ယောက်ကို ခုတ်ချလိုက်သည်ကို သေချာမြင်လိုက်ရတော့သည်။

လူငယ်လေးက crit တစ်ခုကို အရှိန်မြင့်လိုက်၏။

ထိုလူသည် ရုတ်တရက်ဆိုသလို hpတစ်ဝက်လျော့သွားတော့သည်။

ကောင်လေးသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

“ သူ ထွက်ပြေးချင်နေပြီ”

သို့သော် မည်သို့ လွှတ်နိုင်ပါမည်နည်း။ ရှေ့တွင် ကြီးမြတ်လှသည့်သခင်လေး ရှိနေ၏။

ကောင်လေးသည် လူချောလေးကောင်လေးက ထိုအရာကို မည်သို့လုပ်လိုက်သည်ကို အမှန်မသိချေ။ သူသည် သူ့လက်ချောင်းများကို ရွှေ့ရင်း ခေါင်းကိုလှည့်ကာ  နောက်ပြန်ထိုးချလိုက်တော့သည်။

K.O.

သို့သော် ထိုလှုပ်ရှားမှုက လူချောကောင်လေး၏ ကျောဘက်သည် ရန်သူဘက်ကို ကျောပေးထားသည်ဆိုသည့် အဓိပ္ပာယ်ပင်။

-ြီး!

လူချောကောင်လေး သေတော့မှာပဲ။

ဒါသည် ကောင်လေး၏အတွေးပင်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင်တော့ သူ့စိတ်ကို ပြောင်းလဲပစ်လိုက်တော့သည်။

အကြောင်းမှာ လူငယ်လေးဆီက နောက်တစ်ချက်သည် ရိုက်ချက်ကို သူ့လက်မောင်းကို ပင့်ကာလိုက်သော်လည်း ကျန်လူများဆီမှလာသည် ရိုက်ချက်ကိုလည်း ပိတ်ဆို့ထားလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now