အပိုင်း (၃၇၉) အမှတ် (၂)အလယ်တန်းကျောင်းက ကလေးများ

Start from the beginning
                                    

ချင်မော့သည် ထိုဖိအားပေးဖိတ်ခေါ်ချက်ကို ကြားလိုက်ပြီးနောက် ဖြည်းညင်းစွာ ထုတ်ပြောလိုက်တော့သည်။

“ဒီလိုဆို ငါ မင်းတို့ဆီ ဝင်ဖို့ ပိုတောင်မဖြစ်နိုင်တော့ဘူး”

“ဘာလို့လဲ”

ထိုကလေးသည် သူ့ကို စိုက်ကြည့်နေ၏။

“အစ်ကို အခုနတုန်းက ရိုင်းပျမိတာ တောင်းပန်ပါတယ်၊ ဒါပေမဲ့ အရေးကြီးနေလို့ပါ၊ ယောက်ျားတစ်ယောက်အနေနဲ့ အစ်ကို သိပါတယ်ဗျာ ၊ ကျွန်တော်တို့ ယောက်ျားတွေက ဒီလိုပုံစံမျိုးနဲ့တော့ မျက်နှာပျက်ခံလို့မဖြစ်ဘူးလေ၊ ကျွန်တော်တို့ ချဖို့လိုတယ်”

ချင်မော့သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်လေသည်။

“ဘာလို့လဲဆိုတော့ ငါက အမှတ် (၁) အလယ်တန်းကျောင်း ထွက်လေ”

တဒင်္ဂအတွင်း ။

ထိုလေးဦးသည် အေးခဲသွားတော့၏။

သူသည် ငမိုက်သားများနှင့် တူသွားတော့သည်။

သူတို့သည် အခုလေးတင် သူတို့ပြောခဲ့သည့် စကားများကို ပြန်အမှတ်ရသွားတော့သည်။

ငကြောင်တွေ... စားဂျပိုးတွေ....တဲ့။

ယခုမူ သူတို့သည် ရင်သပ်ရှုမောလောက်အောင် ချောမောလှသည့် သည်လူရှေ့တွင် သူတို့ကိုယ်တိုင်းအကြောင်း ပြောပြနေသည်ဟု ခံစားလိုက်ရတော့သည်။

သို့တို့ ဒါသည်လည်း အရေးမကြီးသေးပေ။

အဓိကအချက်မှာ ကျန်းမြို့တွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက သည်ကျောင်းနှစ်ကျောင်းသည် ရန်သူများဖြစ်နေလေသည်။

ရန်သူစစ်စစ် ပမာပင်။

ကောင်လေးအားလုံးသည် ရန်သူစစ်စစ်ဟူသည့် အဓိပ္ပာယ်ကို သိကြ၏။

သူတို့ကို မည်သို့မှ ကူညီဖို့ရာ မဖြစ်နိုင်ပေ။

ဖူကျို့သည် အသားအချို့ကို ခိုးယူရန်ကြိုးစားနေ၏။ သို့သော် သူမသည် ထိုသို့ ကြည့်လိုက်ချိန်မှာပင် ကြီးမြတ်လှသည့်သခင်လေးက သူမ၏ခေါင်းကို အဝေးသို့ တွန်းလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now