"ဟုတ်ကဲ့....ဒါဆို ကျနော်တို့ပြန်ပြီနော်"
"အေး...အေး"
ကိုသက်ငြိမ် ဖုန်းချလိုက်ပြီး အိပ်ခန်းဆီ ပြန်ဝင်လာသည်။
အိပ်ယာပေါ်က ရတီလည်း ခဏက သူ့ဖုန်းပြောသံတွေကြောင့် နှိုးလိုက်သလို ဖြစ်သွားသလားပင်။
သူမရင်ဘတ်ကို စောင်နဲ့အုပ်ရင်း သူ့ကိုကြည့်နေသည်။
"မီးလေး...နိုးပြီလား"
"အင်း..ဦးဖေ..အခုဘယ်ချိန်ရှိပြီလဲ"
"(၄)နာရီကျော်ပြီ"
"ဟင်...မီး..တော်တော်အိပ်ပျော်သွားတာပဲ"
"ဦးဖေရော...အခုဖုန်းသံကြားမှ နိုးလာတာ"
လွန်ခဲ့သော (၃)နာရီလောက်ခန့်က အရမ်းထန်နေသော ကောင်မလေးက အခုကျတော့ သူမနှင့်စကားပြောနေသည့် ဘာအဝတ်အစားမှ ဝတ်မထားသော ကိုသက်ငြိမ်ကို စေ့စေ့မကြည့်ဝံ့။
ကိုသက်ငြိမ် ကုတင်ထောင်စွန်းမှာ ထိုင်လိုက်သည်။
"မီးလေး...ရေချိုးချင်လား။ ချိုးမယ်ဆို ဟိုးမှာ ရေချိုးခန်းရှိတယ်"
"အင်း...ချိုးမှရမယ်ထင်တယ်....အခုတစ်ကိုယ်လုံး ချွေးတွေနဲ့ နံစော်နေသလိုပဲ"
"မနံပါဘူး...မီးလေးရဲ့။ မှန်းစမ်း.....ဦးဖေ အနံခံကြည့်ကြည့်မယ်"
ကိုသက်ငြိမ် ရတီအနား တိုးကပ်သွားသည်။
ရတီက စောင်ကို ချွတ်ချလိုက်ကာ ရေချိုးခန်းဆီ အပြေးသွားရင်း....
"ခစ်...ခစ်....ခစ်...တော်ပါပြီ....ဘာယုန်မြင်လို့ ဘယ်ခြုံထွင်နေလဲဆိုတာ ဒီက သိပါတယ်နော်"
လှစ်ခနဲ့ ရတီ ရေချိုးခန်းထဲပြေးဝင်လိုက်သည်။
ရေချိုးခန်းက ရေပန်းတွေနှင့် အတော်ကျယ်သည်။
မေမေ လည်း လာတတ်တော့ ဒီအခန်းထဲ ရေချိုးဆပ်ပြာရည်တွေ၊ မျက်နှာသစ်ဆေးတွေ၊ ခေါင်းလျှော်ရည်တွေ အကုန်အစုံရှိသည်။
ရေမချိုးခင် မှန်ထဲက သူမရုပ်ကို သူမပြန်ကြည့်လိုက်သည်။
ဆံပင်တွေ ဘုတ်သိုက်နဲ့ရှုပ်ပွနေသည်။
![](https://img.wattpad.com/cover/364468562-288-k753211.jpg)
အပိုင်း(၄၈)
Start from the beginning