"ဟေ့ကောင်တွေ...ငါဒီနေ့ စောစီးပြန်မယ်ကွာ...အကယ်လို့ လာပြင်နေကြ ဖောက်သည်တွေ ငါ့ကိုမေးရင် မနက်ဖြန်မှ လာတော့မယ်လို့ပြောပေးကွာ"
"ဟုတ်ကဲ့ပါ အာစရိ"
"ပြီးတော့ ပြန်ရင်လည်း လောလောလောလောနဲ့ မထွက်သွားကြနဲ့အုံး။ တံခါးသေချာပိတ်ခဲ့လား၊ မပိတ်ခဲ့လား စစ်အုံးနော်..ဟေ့ကောင်တွေ။ မင်းတို့လည်း အကယ်လို့ (၄)နာရီလောက် လူရှင်းရင်ပြန်တော့ကွာ။ မန်ယူရှူံးလို့ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပေါ့ကွာ"
"အာစရိကလည်းဗျာ.....အနာဟောင်းကို ဆွနေပြန်ပြီ...ထပ်မပြောပါနဲ့တော့ဗျ.......နောက်ပွဲကျ မန်ယူ နိုင်မှာဗျ"
"အေးပါကွာ"
ကိုသက်ငြိမ် အပေါ်အင်္ကျီ ထပ်ဝတ်ပြီး ကားနဲ့မောင်းထွက်သွားတော့သည်။
လမ်းထိပ်မှာ စောင့်နေသူက ရတီ။
နေ့လည်နေပူထဲ ထီးကလေးဆောင်းကာစောင့်နေရှာသည်။
ချည်ဂါဝန် အပြာရင့်ရောင်လေးကိုမှ အပွင့်နုတ်နုတ်လေးတွေနှင့်။
အပေါ်က ဆွယ်တာ အပြာနုရောင်ပါးပါးလေး ထပ်ဝတ်ထားသည်။
ဂါဝန်က အပေါ်အောက် တစ်က်ေတည်း ဆိုပေမဲ့ ဒူးဖုံးရုံလေးမျှသာ။
ခြေသလုံးသားဝင်းဝင်းလေးက ဖူးစင်အုထွတ်နေသည်။
သူမရှိရာနံဘေးနား ကားရပ်လိုက်သည်နှင့် သူမခပ်တည်တည်ပင် ကားတံခါးဆွဲဖွင့်ကာ ကိုသက်ငြိမ် ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။
"ပူလိုက်တာ....ဦးဖေရာ"
ကိုသက်ငြိမ် ဘာမှပြန်မပြော။
ငေးပြီးသာကြည့်နေသည်။
"ဦးဖေ....ပြောနေတာ ကြားရဲ့လားလို့"
"အင်း...အင်း"
"ဘာဖြစ်လို့ အဲလောက်တောင် စိုက်ကြည့်နေတာလဲ"
"လှလို့"
"ခစ်...ခစ်...မီး လှမှန်း မီး သိပါတယ်.....ဒါနဲ့ ဦးဖေ...လူရှင်းတဲ့တစ်နေရာ သွားရအောင်လေ"
ရတီ မပြောခင်ကတည်းက ကိုသက်ငြိမ် ဘယ်နေရာကို သွားမလဲဆိုတာ ကြိုစဉ်းစားပြီးသား။
သိပ်ဝေးဝေးလံလံမဟုတ်။
ဒီအနီးအနားက သူ့တိုက်ခန်းကိုပင်။
အပြင်က ကော်ဖီဆိုင်တစ်ခုခုဆို အသိတယောက်ယောက်နဲ့တွေ့ရင် ပြဿနာတက်နေမည်။
ဒါကြောင့် အနီးအနားက သူ့ကွန်ဒိုကိုပင် ဦးတည်လိုက်သည်။
"ဘယ်ကိုသွားနေတာလဲ...ဦးဖေ"
"ဦးဖေ...တိုက်ခန်းကို..."
"မီး..မရောက်ဖူးသေးတာနဲ့ အတော်ပဲပေါ့"
ထုံးစံအတိုင်း မြေအောက်ထပ်မှာ ကားရပ်လိုက်ပြီး သူ့အခန်းရှိရာသို့ အတူတက်လာကြစည်။
ရတီလည်း ကိုသက်ငြိမ်ခေါ်ဆောင်ရာ နောက်ကနေ လိုက်လာခဲ့သည်။
ဓာတ်လှေကားရောက်တော့ ဓာတ်လှေကားစောင့်ဦးလေးနဲ့တောင် ကိုသက်ငြိမ် နှုတ်ဆက်လိုက်သေးသည်။
"မင်္ဂလာပါ"
"မင်္ဂလာပါ...မတွေ့ဖြစ်တာတောင်ကြာပြီနော်"
"ဟုတ်ပကွာ....အဆင်ပြေတယ်မလား..လူလေး"
"ပြေပါတယ်ခင်ဗျား"
ကိုသက်ငြိမ်စိတ်ထဲ အဆင်ပြေတာလွန်သွားလို့ အပြေလွန်တဲ့အဆင့်ထိတောင်ရောက်နေပြီဗျာ လို့တောင်ပြောလိုက်ချင်သေးတယ်။
ကိုယ့်အတွေးနဲ့ကိုယ် သဘောကျသွားသဖြင့် ပြုံးစိစိဖြစ်နေသည်။
သူ့တိုက်ခန်းရှိရာအထပ်သို No.2 ကို နှိပ်လိုက်သည်။
ဘေးက ရတီလည်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းတဲ့ အကြည့်တွေနဲ့လိုက်ပါလာသည်။
"ဦးဖေက ဘောစိပဲ"
သူ့အခန်းရှေ့ လျှို့ဝှက်နံပါတ်ကို ရိုက်လိုက်ပြီးအခန်းထဲ ဝင်လိုက်ကြသည်။
အပိုင်း(၄၁)
Start from the beginning