အပိုင်း(၃၈)

Start from the beginning
                                    

သူမ ပေါ့ပေါ့ပါးပါးပင် ရေခဲသေတ္တာဖွင့်ကာ Coke Zero တစ်ဘူးယူလိုက်သည်။

ပုံမှန်ဆိုရင် အအေးဘူးယူပြီး အပေါ်ထပ်ရှိ သူမအခန်းကိုပြန်မှာပင်။

သို့သော် စချင်လာတာနဲ့ပေးလိုက်သည်။

"ဦးဖေ....ဘောပွဲကြည့်နေတာလား"

ဦးဖေ သူမကို ပြန်မကြည့်အား။

မှုန်သုန်သုန်နဲ့မျက်နှာနဲ့ ပြန်ဖြေသည်။

"အေး...သမီး....မန်ယူနဲ့ ချက်ဆီးပွဲလေ"

"ဘယ်သူနိုင်နေတာလဲ"

"ချက်ဆီး..သမီး...အခု ဝမ်းဇီးနဲ့"

"ဟုတ်လား...ပွဲကမိုက်မဲ့ပုံပဲရော...မီးလည်းကြည့်ချင်တယ်"

"အင်း...အင်း"

ဦးဖေက သူမကို အတူတူကြည့်ဖို့ မခေါ်ခဲ့ပေမဲ့ သူမစချင်ဇောနဲ့ ဦးဖေကြည့်နေသော တီဗွီရှေ့က ဆိုဖာအရှည်ပေါ် ဝင်ထိုင်လိုက်သည်။

ဦးဖေက သူမ၏ ဘယ်ဖက်မှာ။

သူမ ဝင်လာထိုင်တာကို လုံးဝအရေးမစိုက်။

တီဗွီကိုသာ သဲသဲမဲမဲ လွတ်သွားမှာစိုးသည့်အလား ကြည့်နေသည်။

သူမ ဦးဖေကို ငေးကြည့်လိုက်သည်။

ညရောက်နေပြီ ဖြစ်သဖြင့် အိမ်ရှေ့တစ်ခန်းလုံးကို မီးခပ်မှိန်မှန်သာ ဖွင့်ထားသည်။

မေမေ ကိုမတွေ့ရ။

အခန်းထဲမှာ အိပ်နေပြီထင်သည်။

ဘေးမှာ ထိုင်နေသော ဦးဖေကို သူမငေးကြည့်နေသည်။

ဦးဖေလက်ထဲမှာတော့ "Heineken beer" ဘူးနှင့်။

ဦးဖေက တီရှပ်နဲ့ လုံချည်နွမ်းနွမ်းလေးကိုသာ ဝတ်ထားသည်။

သို့သော် သူမမျက်လုံးထဲမှာတော့ ဦးဖေက တော်တော်ခန့်ညားနေသည်။

မျက်လုံးတွေက စိတ်ဝင်စားမှုတွေကြောင့် အရောင်တလက်လက်နဲ့။

မျက်လုံးအောက်မှာတော့ ဇရာ၏ အရိပ်တွေဖြစ်သည့် ကျီးကန်းခြေရာတွေနဲ့။

နားသည်စပ်မှာလည်း ငွေမှင်ရောင်ဆံပင်တချို့ပေါက်နေသည်။

ရိတ်သင်ထားပုံရသော မှုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးအရာတွေကြောင့် မေးရိုးနဲ့ပါးပြင်တလျှောက်စိမ်းမြနေသည်။

တီဗွီဖန်သားပြင်အောက်က ထွက်လာသော အလင်းရောင်တွေကြောင့် ပိုဆွဲဆောင်မှုရှိနေတာမျိုးလား။

သူမကြည့်နေရင်း ကြည့်နေရင်း လှိုက်ဖိုလာသည်။

ဦးဖေကို သူမ စချင်နေသည်။

ဒါကြောင့် မထင်မှတ်ထားသော အရာတစ်ခု သူမလုပ်မိလိုက်သည်။

ဦးဖေက သူ့ညာဖက်လက်ကို ဆိုဖာခုံပေါ်ထောက်ပြီးကြည့်နေသည်။

သူမ ဘယ်ဖက် လက်ဖဝါးလေးကို တရွေ့ရွေ့နဲ့ ဦးဖေညာဖက်လက်ဖဝါးရှိရာသို့ သွားကာ လှမ်းတို့မိလိုက်သည်။

အစက ကိုသက်ငြိမ်လည်း ဘေးမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ။

ရတီ ဝင်ထိုင်ပြီးကြည့်နေတာတော့သိလိုက်သည်။

သူအားပေးနေသော မန်ယူရှုံးနေသဖြင့် အခဲမကျေနိုင်သောစိတ်က ကြီးစိုးကာ ဘေးပတ်ဝန်းကျင်ကို သိပ်စိတ်ဝင်မစားမိ။

သ်ု့သော် သူ့ညာဖက်လက်ဆီ လာထိတွေ့သော နူးညံမှုကို သူသိလိုက်သည်။

ဘေးကိုကြည့်လိုက်တော့ အရည်တလဲ့လဲ့တောက်နေသော မျက်လုံးတွေနဲ့ ခိုးကြည့်နေသော ရတီ။

သူခိုးလူမိသလို ဖြစ်သွားသဖြင့် သူမအကြည့်လွှဲကာ လက်ကို ဆတ်ခနဲ့ရုတ်လိုက်သည်။

သို့သော် သူမ နောက်ကျသွားလေပြီ။

သူမ မရုတ်ခင်စပ်ကြား လက်ဖဝါးလေးက ဖမ်းဆုပ်ခံလိုက်ရသည်။

ဦးဖေလက်ဖဝါးအကြီးကြီးက သူမ လက်လေးကို မလွှတ်ပေးတော့။

သူမ အငိုက်မိပြီး ခံရသည်ဟု ယူဆလိုက်သည်။

ဦးဖေက သူမလက်ကို ဖမ်းဆုပ်ပစ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

တနေ့က မူးမေ့စေသောအနမ်းတွေပေးနေကြတာကို ပြန်အမှတ်ရလာပြန်သည်။

ငယ်သူမို့Where stories live. Discover now