ရတီ သူမကိုယ်ပေါ်မှ ဝတ်ထားသော ကိုသက်ငြိမ်၏ ရှပ်အင်္ကျီကို ချွတ်ပေးလိုက်သည်။
"အေး...အေး...ဒါဆို သမီးဆေးသောက်ဖို့ မမေ့နဲ့နော်"
ရတီ ခေါင်းအသာလေးညိတ်ပြလိုက်သည်။
ကိုသက်ငြိမ်လည်း အောက်ထပ်ကို ပြန်ဆင်းလာခဲ့လိုက်သည်။
အောက်ထပ်ရောက်တော့ ကြီးမေရှိနေပြီ။
"ကြီးမေရေ....ခဏက ရတီက ခြေခေါက်သွားလို့..အခုအပေါ်ထပ်မှာ...ကျနော်တော့ဆေးဝယ် ပေးထားတယ်..ကြီးမေ တချက်လောက်သွားကြည့်ပေးအုံး"
"အေး...အေး...လူလေး"
ကြီးမေ ရတီအခန်းဆီတက်လာသည်။
"သမီးလေး..ကြီးမေ ဘာများလုပ်ပေးရမလဲ...ညစာရော စားပြီးပြီလား"
"အင်း...သမီး အပြင်က မုန့်စားလာလို့ ဗိုက်ဝနေပြီကြီးမေရဲ့"
"ဒါနဲ့ သမီးခြေထောက်ကတော့ အဆင်ပြေလား"
"နည်းနည်းတော့ နာနေသေးတယ်....ဒါပေမဲ့ ဆေးသောက်လိုက်ရင် ကောင်းသွားမှာ"
"ကြီးမေ..မီးကို ရေချိုးခန်းအဝထိ တွယ်ပေးအုံး..မီးရေချိုးချင်လို့"
ကြီးမေ ရတီ လုပ်ချင်တာတွေအကုန် လုပ်ပေးပြီးတဲ့အထိ စောင့်ပေးလိုက်သည်။
"ကြီးမေ...မီး အိပ်တော့မယ်...Good night"
ရတီ အိပ်တော့မည်ဆိုကာမှ သူမ အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။
အောက်ထပ်မှာ မောင်သက်ငြိမ်ရော၊ နုငယ်ပါ ထမင်းစားနေကြသည်။
"ကြီးမေ...မီးလေး အဆင်ပြေတယ်မလား"
"အေး..အေး...သူ့ခမျာ ပင်ပန်းရှာပြီနဲ့တူတယ်..အခုအိပ်ပျော်နေပြီ"
"တော်သေးတာပေါ့"
နုငယ်က စိတ်အေးသွားဟန်နှင့် သက်ပြင်းချလိုက်သည်။
ထို့နောက် ထမင်းစားလက်စကို ဆက်စားပြီး လင်မယားနှစ်ယောက်အခန်းထဲဝင်သွားကြပြီး ရေမိုးချိုး အိပ်ရန် ပြင်လိုက်ကြသည်။
နုငယ် အရမ်းပင်ပန်းလာသဖြင့် လင်မယားချစ်တင်းလည်း မနှောနိုင်။
ခေါင်းအုံးပေါ် ခေါင်းချမိသည်နှင့် တစ်ချိုးတည်း အိပ်ပျော်သွားသည်။
ကိုသက်ငြိမ် အတွေးထဲ တချက်တချက်တော့ ရတီရဲ့ ပန်းရောင်ဘရာစီယာနဲ့ အသားစိုင်တွေရဲ့ အလှကို အတွေးထဲ ဝင်ဝင်လာသဖြင့် အတင်းကာရော မောင်းထုတ်ပစ်ရသေးသည်။
ဒီအိမ်ကြီးထဲ မအိပ်ပျော်နိုင်ဘဲ လူးလူးလိမ့်လိမ့် ဖြစ်နေရသူ တစ်ဦးတော့ရှိသည်။
ထိုသူက "ရတီဝေ"ပင်။
ဦးဖေ ၏ နူးညံ့ပြီး အသေးစိတ်က အစ ဂရုစိုက်တတ်မှုတွေ၊ သူမကိုယ်လုံးကို စွေ့ခနဲ့ ပွေ့ချီသွားမှုတွေ၊ သူမခြေဖဝါးကို ရေခဲနဲ့ ခပ်ဖွဖွ ကြပ်ထိုးပေးမှုကြောင့် သူမစိတ်တွေ ဂယောက်ဂယက်ဖြစ်နေရရှာသည်။
သူမ မတွေးသင့်တာတွေ တွေးနေမိပြီနှင့်တူသည်။
စိတ်တွေက ဟိုတွေးလိုက်၊ ဒီတွေးလိုက်နှင့် တော်တော်ညနက်ကာမှ သူမ အိပ်ပျော်သွားတော့သည်။
ရှေ့ဆက်ပြီး ကြုံရမည့် အချင်းအရာတွေကို သူမကြိုပြီးသိခွင့်ရှိခဲ့မည်ဆိုလျှင် သူမ ပျော်နေပါလား၊ ဝမ်းနည်းနေမလား။
သံလိုက်ဓာတ်လို ညှို့ငင်တတ်သော အဖိုနဲ့အမတို့ရဲ့ အထိအတွေ့တွေအောက်မှာရော....။
သူမ လွင့်မျောနေမိမလား။
ဒါမှမဟုတ် ငြင်းဆန်နေမိလား။
သူမ သိခွင့်ရရင် သိချင်ပါသေးသည်။
အပိုင်း(၂၈)
Start from the beginning