လှည်းအပြည့် စျေးဝယ်ထွက်ခြင်း

Start from the beginning
                                    

တွေးကြည့်ရင် သူနဲ့ပိုင်လီလက်ထပ်တုန်းက ပိုင်ဝူရဲ့ကျောင်းစရိတ်တွေကို သုံးခဲ့သလိုဖြစ်သွားတာကြောင့် ထိုကောင်လေးက ကျောင်ဆက်မတတ်နိုင်ဖြစ်သွားခဲ့ရတာလေ။ ဒီအတွက် သူတို့မှာ တာဝန်အပြည့်ရှိတာပေါ့။ ဒါကြောင့် ရှောင်ဟန်က ပိုင်ဝူအတွက် အထည်အနည်းနည်း ဝယ်ပေးဖို့ဆုံးဖြတ်ခဲ့ပြီး တစ်လက်စထဲ ပိုင်အိမ်က လူတိုင်းအတွက်ပါ အထည်တချို့ ဝယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။ သူတို့က ပိုင်မိန်နဲ့ ပိုင်အမေအတွက် အကြိမ်တိုင်း လက်ဆောင်တွေပါနေပေမယ့် တခြားသူတွေအတွက် ဘာမှမပေးရသေးဘူးလေ။

ပိုင်မိန်ကမူ ရှောင်ဟန်ခေါင်းငြိမ့်ပြတာမြင်တော့ သူမလေးက...

"ဒါဆို.. စုရှီအတွက်ရော ပါမှာလား"

ရှောင်ဟန်က ဒါကိုကြားတော့ သူက ပိုင်မိန်ကိုကြည့်လိုက်၍...

"ရှောင်မိန်.. ကျိုးရှီက မိသားစုဝင် မဟုတ်တော့ပေမယ့် စုရှီကတော့ ပိုင်မိသားစုဝင်တစ်ယောက်ပဲလေ အစ်ကိုက သူ့ကို ဘယ်လိုလုပ်ဖယ်ထားခဲ့နိုင်မှာလဲ"

မီးဖွားဖို့အတွက် စုရှီသည် ကျိုးရှီထက် လပိုင်းလောက်သာ နောက်ကျမှာဖြစ်သည်။ ဒါကြောင့် သူကလည်း မီးပုံးပွဲတော်ကို လိုက်လည်နိုင်ရှာမှာမဟုတ်ပါဘူး။

ဆိပ်ကမ်းမြို့က မီးပုံးပွဲတော်မှာ သွားလည်ကျမယ့်အကြောင်းပြောတိုင်း စုရှီတစ်ယောက် လိုက်ချင်လွန်းပေမယ့် အခြေကြောင့် လိုက်လို့မရမှန်းသိနေသဖြင့် မချိတင်ကဲဖြစ်သွားပုံကို ရှောင်ဟန်က စိတ်မကောင်းဖြစ်နေမိပေသည်။

ဒါပေမယ့် ဒီနောက်ပိုင်းမှာ ပိုင်မိသားစုက ပြေလည်လာတာနဲ့အညီ စုရှီရဲ့ဘဝကလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ 

ပိုင်မိန်ကတော့ အရင်ကလုပ်ရပ်တွေမှာ စုရှီက သိပ်မကောင်းခဲ့တာကို မှတ်မိနေပြီး သူမက ခုထိမကျေမနပ်ဖြစ်နေသေးပေမယ့် သူမရဲ့ဒုတိယယောင်းမက ဒီလိုပြောလာတဲ့အခါမှာတော့ သူမလေးကလည်း လက်ခံရုံပဲ တတ်နိုင်ခဲ့တော့သည်။

သူမက အရင်ထဲက သူမရဲ့ဒုတိယအစ်ကိုကို အချစ်ဆုံးပဲမလို့ ဒုတိယယောင်းမကို သေချာပေါက်ချစ်ပါတယ်။ အထူးသဖြင့် သူမရဲ့ဒုတိယယောင်းမက တခြားယောင်းမနှစ်ယောက်နဲ့မတူဘဲ စကားနည်းပြီးအနေအေးတယ်လေ။ ဒါကြောင့် သူမက သူမရဲ့ဒုတိယယောင်းမကို အရမ်းကြိုက်တယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now