လှည်းအပြည့် စျေးဝယ်ထွက်ခြင်း

Start from the beginning
                                    

ပိုင်မိန်သည် ပျော်ရွှင်စွာဖြင့် ပိုးထည်နှစ်စလုံးကို ဆိုင်ကကောင်မလေးကို ထုတ်ပိုးပေးဖို့ပေးလိုက်လေသည်။ အဲဒီနောက်သူမလေးက ရှောင်ဟန်ရွေးနေသည့်အထည်တွေကိုကြည့်လာပြီး သက်ပျင်းလေးချလျက်ဖြင့်....

"ဟူး...အရင်က ဒုတိယအစ်ကိုက မီးပုံးပွဲတော်ကို တစ်မိသားစုလုံး ဆိပ်ကမ်းမြို့ကို သွားလည်ကျမယ်လို့ပြောထားခဲ့တာ ဒါပေမယ့် ကျိုးရှီနဲ့စုရှီက ကလေးမွေးတော့မှာဆိုတော့ အကုန်လုံးသွားလို့တော့ ရမှာမဟုတ်တော့ဘူးထင်တယ်နော်"

မီးပုံးပွဲတော်သည် အရမ်းကြီးမဝေးတော့ပေ။ ကျိုးရှီရဲ့မီးဖွားခြင်းနဲ့ ပွဲတော်နေ့က ဘယ်ဟာကပဒ အရင်လာပါစေ သေချာတာကတော့ မီးဖွားခါနီးလူကိုရော မွေးခါစကလေးကိုရော အိမ်မှာထားခဲ့လို့မရသလို၊ဆိပ်ကမ်းမြို့လို ခရီးဝေးကို ခေါ်သွားလို့ရော မရနိုင်ပါဘူး။ ဒါကြောင့် အရင်က ပိုင်လီပြောခဲ့သလို ပိုင်အိမ်ကလူအကုန်ကတော့ မီးပုံးပွဲတော်ကို လိုက်လည်နိုင်မှာမဟုတ်ဘူး။

ဒါကိုတွေးမိတော့ ရှောင်ဟန်လည်း စိတ်မကောင်းဖြစ်သွားပေမယ့် သူက ပိုင်မိန်ကိုနှစ်သိမ့်လိုက်ပါတယ်။

"စိတ်မကောင်းမဖြစ်ပါနဲ့ နောက်ထပ်နှစ်တွေကျန်သေးတာပဲလေ ဒီနှစ်မှာမအားရင် နောက်နှစ် မီးပုံးပွဲတော်မှာ အတူတူသွားလို့ရတာပဲ မင်းရဲ့ဒုတိယအကိုက မင်းနဲ့မင်းတူလေးတွေကိုတော့ ကတိပေးထားတာမလို့ သေချာပေါက်လိုက်ပို့မှာပါ"

ဒါကိုကြားတော့ ပိုင်မိန်လည်း ကိုယ့်ကိုကိုယ်ဖြေသိမ့်လိုက်၏။ ဟုတ်ပါတယ် အိမ်ကလူတွေနဲ့ အတူတူမသွားရတော့ပေမယ့် သူမတို့ကိုတော့ ကတိပေးထားတဲ့အတွက် ဒုတိယအစ်ကိုက သေချာပေါက်လိုက်ပို့ပေးမှာပါ။

ပိုင်မိန်သည် နောက်နှစ်တော့ သူမိသားစုနဲ့အတူတူသွားနိုင်မှာပါဟု ဖြေသိမ့်လိုက်ပြီး သူမက နောက်အကြောင်းရာတစ်ခုဆီသို့ ရောက်သွားပြန်သည်။

"ဒုတိယယောင်းမ အခု အိမ်ကလူတွေအတွက်အထည်ရွေးနေတာမလား"

ရှောင်ဟန်က ဒါကိုကြားတော့ ခေါင်းငြိမ့်ပြလိုက်သည်။ ရွာမှာထဲက သူ့ခင်ပွန်းက သူ့ကိုမှာခဲ့ပါတယ်။  ပိုင်ဝူက ကျောင်းပြန်တတ်တော့မှာဖြစ်ပြီး အခုချိန်မှာ သူတို့ကလည်း အဆင်ပြေနေပြီလို့ သူတို့ကနည်းနည်း ထောက်ပံ့ပေးသင့်ပါတယ်တဲ့။ ရှောင်ဟန်ကလည်း ဒါကိုမဖြစ်သင့်ဘူးလို့ မခံစားခဲ့ရပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now