Part35U/Z

236 4 0
                                    

ဇော်မင်းထက်ပိုင်နဲ့စကားပြောပြီးနောက်ရက်ထိမောင်အခြေအနေကပိုဆိုးလာခဲ့သည်။ အဲ့နေ့မှာတင်ဆေးရုံသွားခဲ့တော့ သေ သွားနိုင်တယ်ဆိုတဲ့အခြေအနေကြောင့်နှင်းဆီမောင်မောင့်ကို ပိုဂရုစိုက်လာခဲ့သည်။ မောင်နဲ့အတူဆေးရုံပြန်လာတဲ့နေ့မိုးတွေသည်းထန်စွာရွာတော့သည်။ မောင့်ကိုနွေးနွေးထွေးထွေးလုပ်ပေးခဲ့ပြီးအခန်းထဲကထွက်ဖို့လုပ်ချိန်မောင့်နှုတ်ဖျားက သူ့နာမည်ကြားလိုက်ရသည်။

''နှင်းဆီ မောင့်ကိုထားမသွားပါနဲ့ ''

အရှေ့ကနာမည်ဘဲ ကြားလိုက်ရပြီးနောက်ကစာသားလေးကအသံတိုးဝင်သွားတော့သည်။ အိပ်ပျော်သွားပြီထင်လို့မောင့်နှုတ်ခမ်းလေးကိူလူမသိသိမသိခိုးနမ်းလိုက်တော့သည်။ ထိုအကြိမ်ကသူ့အတွက်အပျော်ဆုံးအခိုက်အတန့်ပင်။ နောက်နေ့မနက်မိုးလင်းလို့မိုးသားတွေကင်းစင်သွားချိန်မောင့်ကိုခေါ်ကာလမ်းလျှောက်ဖို့လုပ်ခဲ့သည်။ မောင့်အခန်းထဲကိုဝင်လာဖို့ခြေလှမ်းပြင်လိုက်တော့သည်။
နှင်းဆီမောင် မောင့်အခန်းထဲဝင်လာကာမောင့်ကိုနိုးတော့သည်။ မောင့်လက်ကိုထိကြည့်လိုက်တော့တကိုယ်လုံးအေးစက်နေတော့သည်။ နှင်းဆီမောင်လန့်ဖျပ်ကာ မောင့်ကိုဖက်လိုက်တော့သည်။ မောင့်နှုတ်ခမ်းတွေကပြာနှမ်းနေပြီး အသက်မရှိတော့တဲ့လူတစ်ယောက်လိုပင်။ နှင်းဆီမောင်အသံကုန်အော်ဟစ်ကာငိုကြွေးမိတော့သည်။

''မောင့်..!! ''

ပန်းနုတို့လည်းရောက်လာကာဆရာဝန်ဆီဖုန်းဆက်လိုက်တော့သည်။ ဆရာဝန်ရဲ့ပုံစံကခေါင်းခါပြကာ

''လူနာကဆုံးပြီ ''

''ခွပ်..!! မဖြစ်နိုင်တာ မောင်ကဘာလို့သေရမှာလဲ ခင်ဗျားလိမ်နေတာမလား ''

နှင်းဆီမောင်ဆရာဝန်စကား​​ေကြာင့်မထိန်းနိုင်စွာဆရာဝန်ရဲ့မေးရိုးကိုလက်သီးဖြင့်ထိုးလိုက်တော့သည်။ ဆရာဝန်မှာလည်းရုတ်တရပ်အထိုးခံလိုက်ရတဲ့အရှိန်ကြောင့်အနောက်လှန်သွားတော့သည်။နှင်းဆီမောင်ဆရာဝန်ရဲ့အကျီစကိုကိုင်ကာပြန်စစ်ဆေးဖို့ပြောတော့သည်။ ဆရာဝန်ကသူ့ကိုစိတ်အေးအေးထားဖို့ပြောပေမဲ့သူစိတ်တွေမငြိမ်ပါ။ ပန်းနုလည်းကိုကြီးကိုဖက်ကာငိုနေမိတော့သည်။ နောက်ဆုံးတော့အကုန်လုံးကသူ့ကိုထားသွားခဲ့ကြပြီ။ အဖေ၊အမေနဲ့ကိုကြီးအကုန်လုံးသူ့ကိုထားသွားခဲ့ကြပြီ။ ဇေယျာတို့လည်းကြားကြားချင်းအပြန်ပြေးလာကြတော့သည်။ အပြန်ပြေးလာပေမဲ့လည်းဆုံးသွားတဲ့သူတို့သူငယ်ချင်းကြောင့်စိတ်ထဲမကောင်းဖြစ်မိသည်။.

မောင်သည်သာ (Completed)حيث تعيش القصص. اكتشف الآن