Part17 U/Z

53 1 0
                                    

''အား....သိပ်စိတ်တိုဖို့ကောင်းတယ် ''

နှင်းဆီမောင်သူ့အဖေအခန်းထဲကထွက်လာကာကိုယ့်အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုပစ်ပေါက်နေမိသည်။ တနေ့တနေ့သူဒီအိမ်မှာနေရင်အသက်တိုရကိန်းရှိသည်။ နှင်းဆီမောင်သူ့လက်မှာဖန်ခွဲရှသွားတဲ့ဒဏ်ရာကိုတချက်ကြည့်ကာရေချိုးခန်းထဲဝင်လိုက်တော့သည်။ဖြစ်ပျက်ခဲ့တဲ့အမှတ်တရပေါင်းများစွာကိုရေစိမ်လိုက်ရင်းသူအိပ်မလို့လုပ်ချိန်သူ့အခန်းတံခါးကိုအသဲအသန်ထုနေတဲ့လူကြောင့်သူသပတ်ပတ်ကာတံခါးကိုဖွင့်လိုက်တော့သည်။
သူဆွဲဖွင့်လိုက်တော့အင်မတန်မှသူမုန်းရပါချည်ရဲ့ဆိုတဲ့သူမ..နှင်းဆီမောင်မမြင်ဟန်ပြုကာတံခါးကိုပိတ်မည်အလုပ်.သူ့တံခါးကိုကိုင်ထားတဲ့သူမကြောင့်ဒေါသထွက်ကာ..

'' ခင်ဗျားလွှတ်နော်မဟုတ်ရင် ခင်ဗျားလက်ကိုကျိုးတဲ့အထိဆွဲပိတ်လိုက်မှာနော်.!!! ''

ထက်မြတ်သူဇာရှေ့တိုးလာရင်းနှင်းဆီမောင်ရဲ့နားနားကပ်ကာ..

''နင့်ရဲချစ်သူကြောင်းကိုဘယ်သူပြောလိုက်တယ်ထင်လဲ..? ''

''တောက်စ်...!!! ခင်ဗျားပြောပြလိုက်တာမလား ..ခင်ဗျားတော်တော်အောက်တန့်းကျတဲ့မိန်းမဘဲ.. ''

''နင်..''

ထက်မြတ်သူဇာသူ့ကိုအရှက်ကွဲအောင်ထိပြောတဲ့ကောင်ကိုသူအစိတ်စိတ်အမွှာမွှာသတ်ပစ်လိုက်ချင်သည်။ သူမလည်းခံပြင်းကာ.

''လူးဝါးဝတဲ့ကောင်ကများ ငါ့ကိုနင်ကဘာထင်နေလို့လဲ အေးတခုပြောထားမယ် နင့်အကောင်ကိုငါရအောင်သတ်ပြမယ် အဲ့ချိန်ကျမှ အသည်းတွေပက်ပက်စက်စက်ကွဲလိုက်တော့ ကြားလား.. !!!! ''

သူမပြောပြီးချင်းပင် ထွက်သွားလိုက်တော့သည်။ ထက်မြတ်သူဇာအပြင်ကိုခဏထွက်လာကာ..

''အဲ့ကောင်ကဒါနဲ့ဘဲတန်တယ် ''

''အား..ခင်ဗျားကြီးကိုရအောင်သတ်ပြမယ် ''

အပေါ်မှာတော့နှင်းဆီမောင်တယောက်သောင်းကျန်းနေတော့သည်။သူအဝတ်စားလှဲလိုက်ကာ အပြင်ကိုထွက်လာလိုက်တော့သည်။ သူဒီတပတ်မောင်နဲ့မတွေ့ရတာရက်တော်တော်ကြာနေသည်။သူပုံမှန်တိုင်းမောင်အလုပ်လုပ်တဲ့နေရာဆီကိုလျှောက်လာလိုက်တော့သည်။ သူသစ်ခွဲစက်ရုံထဲဝင်ကာလုံခြုံရေးကိုကြည့်ရင်း..

မောင်သည်သာ (Completed)Where stories live. Discover now