Part2 U/Z

229 4 0
                                    

နှင်းဆီမောင်တစ်ယောက်မြင်းလှည်းလေးစီးရင်းကျုံးမြို့ရိုးနားကိုရောက်လာခဲ့သည်။
သူပြန်တွေးမိလိုက်တိုင်းအတိတ်ကပုံရိပ်တွေကသူ့ကိုသတ်နေသည်။
ကျုံးမြို့ရိုးကြီးကိုငေးမျှော်ရင်းတရုတ်စံကားဝါပန်းတွေကလည်းလှိုင်လှိုင်ပွင့်နေတော့သည်။
နေဝင်ချိန်လေးတွင်းမှာကျုံးတံတားကြီးကလူတိုင်းတွက်ရင်မောစရာပုံရိပ်လေးပင်။
သူမျက်ရည်တွေသုတ်လိုက်ရင်းဖြင့်အိမ်ပြန်လာခဲ့သည်။

အိမ်တော်ကိုရောက်ရောက်ချင်း နောက်မိန်းမနဲ့သူ့မသားကိုတွေ့လို့သူအပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။
သူကုလားထိုင်ခုံမှာထိုင်ရင်းအပြင်ကိုငေးမောကြည့်နေမိသည်။

သခင်လေးနှင်းဆီမောင်ဆိုတဲ့လူက မာနကြီးတယ်၊ အတ္တကြီးတယ်ပြောကြပါလူတိုင်းပြောကြပါ။
ကျွန်တော်ဆိုတဲ့နှင်းဆီမောင်က သူများတွေမျက်လုံးထဲမှာထင်ပေါ်ရဲရင့်နေတဲ့ယောကျ်ားသားတစ်ယောက်ဘဲဖြစ်ချင်တယ်။
သနားစိတ်၊ ဂရုဏာစိတ်တွေမမြင်ချင်ဘူး။အချစ်ကိုလည်းအယုံအကြည်မရှိဘူး။အချစ်ဆိုတာ လွဲတတ်တဲ့ပုစ္ဆာတပုဒ်လိုဘဲ။
ကျွန်တော်ကတော့ရယူပိုင်ဆိုင်လိုစိတ်ရှိတယ်၊ ကိုယ်လိုချင်တာကိုရအောင်ယူတတ်တယ်.ဟက်....

နှင်းဆီမောင်တစ်ယောက်သူ့အတွေးထဲမှာသူကအမြဲရဲရင့်နေသူဖြစ်သည်။
သာမန်လူတွေထက် ထင်ပေါ်စေချင်သည်။
နှင်းဆီမောင်ဆိုတဲ့သခင်လေးက မြနှင်းဆီဆိုတဲ့သခင်မကြီးတိုင်း
မျက်လုံးဝိုင်းဝိုင်း နှင်းဆီလိုဖူးနေတဲ့နှုတ်ခမ်းရဲရဲ၊ တောက်ပနေတဲ့ အနက်ရောင်မျက်ဝန်းတွေကြားလှပတဲ့မျက်ဆံလေးနဲ့ပေါ့။
သူ့ကိုယ်မြင်သူတွေကရုပ်သေးရုပ်လေးလို့အောက်မေ့ကြပေမဲ့ ကျွန်တော်ကသူများအရုပ်မဖြစ်ချင်ဘူး ကိုယ်ဘာသာကြိုးဆွဲရာကမဲ့ကချေသည်လေးဘဲဖြစ်ချင်တယ်။

____________________________

At the school camten

''နှင်းဆီ..''

'မင်း..'

''ကျွန်တော့်လေ..နှင်းဆီကိုချစ်တယ်။မိန်းကလေးချောချောတဲ့ဒီကသခင်လေးနှင်းဆီကိုချစ်တယ်ဗျာ့..''

မောင်သည်သာ (Completed)حيث تعيش القصص. اكتشف الآن