Part20 U/Z

153 8 0
                                    

ကျွတ်..ကျွတ်..!!

ပြတင်းပေါက်ကလာရောက်တိုက်ခိုက်တဲ့လေတွေကြောင့် ခုတင်ပေါ်ကသူနှိုးလာခဲ့သည်။ သူကဖြေးဖြေးချင်းထကာ ပြတင်းပေါက်ရှိရာဆီလျှောက်လာလိုက်တော့သည်။ သူအပြင်ဘက်ကိုတချက်လှမ်းကြည့်လိုက်ချိန် မိုးသားတွေကင်းစင်ပြီး လေတွေတဟုန်ထိုးတိုက်နေတော့သည်။ မိုးလေဝသ မမှန်မှုကြောင့် မြေနီလမ်းတွေ​ေပါ်ကအမှုန်တွေက ခြံထဲကနေအိမ်ထဲထိရိုက်ခတ်နေတော့သည်။ ခြံထဲမှာတံမြက်စည်းပုံမှန်လှည်းနေတဲ့ ခင်ဦးကိုလှမ်းကြည့်လိုက်ကာ ပြတင်းပေါက်ပိတ်ရင်းအခန်းအပြင်ဘက်ထွက်ခဲ့လိုက်တော့သည်။
အခန်းအပြင်ရောက်တော့သံပုရာတခွက်ဖြင့်အခန်းထဲလျှောက်လာတဲ့အမေ့ကသူ့ကိုမြင်ပြီးချင်းအမြန်လျှောက်လာသည်။ သူ့ပခုံးကိုသေချာကိုင်ကာ

''နေကောင်းရဲ့လားသား ခင်ဦး၊ ခင်လုံးရေ နင့်တို့သခင်လေးနှိုးလာပြီလာကူကြအုံး ''

''ရပါတယ်မေမေ မခေါ်ပါနဲ့တော့ကျွန်တော်မျက်စိရှုပ်လို့ အခန်းထဲ ပြန်ဝင်ချင်ပြီ ''

နှင်းဆီမောင်သူ့အမေကို တချက်ပြောကာအခန်းထဲယိုင်တိယိုင်တိုင်ဖြင့်ဝင်လာလိုက်တော့သည်။သူ့ခေါင်းကနာနေလို့သူဖြေးဖြေးချင်းလျှောက်ကာလက်ကလည်းနံရံကိုကိုင်ရင်းကုတင်ပေါ်ထိုင်နေလိုက်တော့သည်။ မြနှင်းဆီသပုံရာရေကိုသားကိုတိုက်လိုက်ပြီး မေးသင့်မမေးသင့်စဥ်းစားနေတော့သည်။

''သား..''

''ပြောမေမေ ''

နှင်းဆီမောင်ဖြေးညှင်းစွာဖြေကာသာသူ့အမေရဲ့စကားကိုနားထောင်နေတော့သည်။

'' သားဘယ်လိုဖြစ်ပြီးလမ်းလယ်မှာမူးလဲနေတာလဲ သားကိုမေမေရှာမတွေ့တာနဲ့ ဦးထွန်းကိုကားနဲ့ရှာခိုင်းလိုက်တာ.... လူအုပ်စုကရုန်းစုရုန်းစုဖြစ်နေလို့ သားကိုမြင်ပြီးခေါ်လာတာ... ဒါနဲ့ခေါင်းတွေဘာတွေထိခိုက်မိတာရှိလား ရှိရင်မေမေတို့ဆေးရုံသွားရအောင်..... ''

''မရှိပါဘူးမေမေ ဒါနဲ့မေမေ့ကိုမေးစရာရှိတယ် ကျွန်တော်မေးတာကိုအမှန်တိုင်းဖြေပါ ...''

''အင်း... မေးလေသား ''

''မေမေကမကောင်းတဲ့မိန်းမဆို လူတွေပြောကြတာဘဲ မောင့်အမေကလည်းပြောတယ် အဲ့ဒါကြောင့်ကျွန်တော်နဲ့မောင့်ကိုလက်မခံတာတဲ့ မေမေကျွန်တော့်ကိုရှင်းပြပါ....''

မောင်သည်သာ (Completed)Where stories live. Discover now