Part12 U/Z

77 2 0
                                    

ကောင်တာကလူကိုမေးပြီးချင်းပင် အခန်းထဲပြေးဝင်လိုက်တော့သည်။အခန်းထဲရောက်တော့မိန်းမကြီးတစ်ဦးမှာ အိပ်နေသူလူနာရဲ့ဘေးမှာငိုချနေတော့သည်။
မြနှင်းဆီအပြေးသွားပြီးလူနာကိုငုံကြည့်လိုက်တော့သည်။
တစ်ကိုယ်လုံးပြာနှမ်းနေပြီး ဘေးကnurseမှာအဖြူရောင်အစကိုအုပ်လိုက်ပြီးခေါ်သွားတော့သည်။
မြနှင်းဆီကျလုဆဲဆဲ မျက်ရည်တွေကိုမထိန်းနိုင်ဘဲပါးပြင်ကိုကျခိုင်းစေတော့သည်။
သူနောက်ဆုံးတခေါက်ထိအဖေ့ကိုစကားမပြောခဲ့ပေမဲ့သူခုချိန်တော့သူ့ပြောချင်သေးသည်။သူတွန်းလှန်းပေါ်မှာလှဲ​နေတဲ့အဖေ့မျက်နှာကိုကိုင်ရင်း..

''အဖေ နှင်းကိုခွင့်မလွှတ်ပါနဲ့နော် နှင်းအဖေ့အပေါ်မှာမှားဖူးခဲ့တာတွေရှိပါတယ် အဖေခုအေးအေးချမ်းချမ်းနေပါတော့နော် နှင်းကိုလည်းခွင့်မလွှတ်ပါနဲ အဖေ ''

''ခေါ်သွားခွင့်ပြုပါတော့ရှင့် ''

nurseမလေးရဲ့ပြောစကားကြောင့်သူမလက်ကိုဖယ်ချလိုက်တော့သည်။
ရုပ်အလောင်းကိုမီးသဂြိုလ်ဆက်ထဲပို့ဆောင်လိုက်ပြီးသူတို့ကအသုဘတွက်အလုပ်ရှုပ်နေတော့သည်။
မြနှင်းဆီသူ့မအဖေရဲ့ဓာတ်ပုံကိုဖက်ရင်းငိုကြွေးရှာတော့သည်။အဖေရဲ့စကားများကိုလည်းအလိုလိုနေရင်းပြန်ကြားယောင်နေမိသည်။

''နင့်ကငါ့သမီးမဟုတ်တော့ဘူးမြနှင်းဆီ ငါ့ကိုနင်အဖေကိုမခေါ်နဲ့ငါသေတဲ့အထိနင့်ကိုလုံးဝမမြင်ချင်ဘူး''

သူမပြန်ကြားယောင်တိုင်းမျက်ရည်မဆယ်နိုင်ဖြစ်ရပြန်တော့သည်။

''အဖေရယ်.နှင်းကိုရက်စက်လှချည်လား ''

သူမငိုကြွေးနေရင်းလူတချို့ရောက်လာတာကြောင့်သူမခြံဝန်းထဲကိုထွက်လာလိုက်တော့သည်။အဖေ့ကိုရက်လည်မှသဂြိုလ်ချင်ပေမဲ့အဖေအိပ်ခန်းထဲက အဖေရဲ့စာသားအရကြောင့်အဖေ့ဆန္ဒသဘောတိုင်းလုပ်ဆောင်ပေးလိုက်တော့သည်။

''သမီး...''

မြနှင်းဆီတယောက်ထဲအတွေးတွေလွန်နေရင်းဘယ်ချိန်ထဲကရောက်လာမှန်းမသိတဲ့ အမေဖြစ်သူကြောင့်သူတချက်မော့ကြည့်လိုက်တော့သည်။
သူ့အမေ့ကိုကြည့်ပြီးချင်းစေလိုရာအတိုင်းခေါင်းကငုံလျက်သားရှိနေတော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now